Monday, May 19, 2008

ပရမတ်ဘုရားရှင်၏ ကိုယ်စားလှယ်များ


အစ္စလာမ်ဘာသာ၏ အယူအရ ဤစကြာဝဠာ အပေါင်းသည် သိခြင်းခံနေရသောအသိုင်းအ၀ိုင်းကြီး တစ်ခု ဖြစ် ပေသည်။ ၎င်းကို အာရ်ဗီ ဘာသာစကားဖြင့် “အာလ်မီးန်” ဟုခေါ်ပေသည်။ ဆိုလိုသည်မှာ စကြာဝဠာ အပေါင်း သည် မူလဇစ်မြစ် ပရမတ်ဘုရားရှင် (အလ္လာဟ်)က ပြဌာန်းထားသော သဘာဝဓမ္မ ကွန်ယက်ကြီးထဲတွင် ပြ ဌာန်းမှုအတိုင်း ကျင်လည် ရှင်သန်နေရသည်ဟု ဖြစ်ပေသည်။ ထို့ အပြင် ထိုစကြာဝဠာအပေါင်းအား စီမံ ထိန်း ကွပ် စေရန် လူသားအား ကိုယ်စားလှယ် ခန့်အပ်ထားသည်ဟု ကုရ်အံကျမ်းတော်၏(၆း ၁၆၆) တွင် ဆိုပေ သည်။
ထိုသို့ စကြ၀ဠာ အစုစုအား စီမံထိန်းကွပ်ရသူ ဖြစ်သော လူသားသည် ရှိရှိသမျှ သက်ရှိသက်မဲ့တို့အား စီမံ ထိန်း ကျောင်းနိုင်ရန်အတွက် ရှိနှင့်ပြီးသား သဘ၀ဓမ္မကို သိနိုင်ခွင့် ရှိရန်မှာ မရှိမဖြစ် လိုအပ်ပေသည်။ သို့မှသာ ကောင်းမှုဆောင်တာများကို ကျင့်ဆောင်နိုင်ရန် လူ့ကျင့်ဝတ် ဥပဒေများ၊ လူသားတို့ အသုံးပြုနိုင်ရန် သို့မဟုတ် လူ့ဘောင်အတွက် အသုံးဝင်ရန် ဖေါ်ထုတ် ဆင့်ပြန်သော ဥပဒေသများ ကို ထပ်ဆင့် ချမှတ်နိုင်မည် ဖြစ်ပေ သည်။
အစ္စလာမ်ဘာသာ၏ အယူအဆ အရ လောက လူသားတို့အား သွန်သင်တင်ပြနိုင်ရန် အလို့ငှာ လူသားထဲမှပင် ပါရမီရင့်သန်မှု အလျှောက် (ကိန်းဝပ်ပေးသော ဉာဏ်စဉ်ကို ခံနိုင်ရည်စွမ်း အလျှောက်) ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင်၊ နိမိတ်တော်ဆောင်၊ ရဟန္တာ၊ သီလ၀န္တုများ စသည်ဖြင့် အဆင့်ဆင့် ပွင့်ပေါ်ကြသည်ဟု ဖြစ်ပေသည်။

ဌေးလွင်ဦး

1 comment:

Unknown said...

မိုဟာမက် လက်ထက်ကတည်းက သူများအယူ ဝါဒတွေ ကိုခိုးပြီး ဝါဒတခုတည်ထောင်ခဲ့တယ် အခုလဲ မွတ်စလင်တော်တော်များများ ဟာ တခြားဘာသာဝင်တွေ ရဲ့ အသုံးနှုန်းတွေ အပြောအဆိုတွေ အခေါ်အဝေါ်တွေ ကို ခိုးယူ စားသုံးနေတယ်( သူတို့ ရဲ့ အပြောကတော့ ဘာသာပြန်တယ်ပေါ့) အဲ..အဲဒီလို ခိုးယူတဲ့ကိစ္စဟာ ကြာလာတဲ့အခါ ဘာဖြစ်လာလဲဆိုတော့ သူတို့ကပဲ ဒီအသုံးအနှုန်းတွေ ကို အရင်စ ခဲ့သလိုလို ဘာလိုလို ဖြစ်တော့တာပဲ.....အမှန်တကယ်က တော့ အလ္လာဟ် ရှင်မြတ်ဆိုတာလည်း မိုဟာမက်ဖန်ဆင်းခဲ့တဲ့  ထာဝရဘုရားရှင်ပါပဲ ...အဲ့ဒီတော့ ကိုဌေးလွင်ဦးလည်း ထာဝရဘုရားသခင်တဆူကို ဖန်ဆင်းပြီး တမာန်တော် လုပ်ပါလား..သေချာတာတခုကတော့ မိုဟာမက်ထက် ခင်ဗျားရဲ့အတွေးအခေါ်ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်.. မိုဟာမက်ထက်လည်း ပိုပြီးတော့ယုတ္တိရှိလိမ့်မယ် နိဂုံးချုပ်ပြောရမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်စကားလုံးလေးတွေ ထွင်ပြီးပြောရင် ပိုမကောင်းဘူးလား.. သူများ အယူတွေ ကို ခိုးယူစားသုံးတာထက်စာရင်ပေါ့နော်...သူများအယူတွေ ခိုးလာတာမိုဟာမက် လက်ထက်ကတည်းက အစဉ်အလာတရပ်လို ဖြစ်နေပါပြီဆိုရင်တော့ ဆက်လုပ်နိုင်ပါတယ်ခင်ဗျား...