Monday, May 19, 2008

(နဗီ) သတင်းတော်ဆောင်များ


သတင်းတော်ဆောင်များသည်လည်း ကုန်စင်သိဉာဏ် “သဗ္ဗညုတဉာဏ်” ကို ရရှိသူများဖြစ်၍ အာရ်ဗီ ဘာသာ စကားဖြင့် နဗီ ဟု ခေါ်ပေသည်၊ မြန်မာဝေါဟာရ မကြွယ်ဝသော ဆရာတော်များက အာရ်ဗီဘာသာစကား နှစ်လုံးဖြစ်သည့် ရစူလ် နှင့် နဗီ ကို ခရစ်ယံဆန်ဆန် မြန်မာဝေါဟာရ တစ်လုံးတည်းဖြင့် “တမန်တော်” ဟုသာ ဘာသာပြန်ဆို ကြပေသည်။ ထိုစကားလုံး နှစ်လုံးမှာ အသံထွက် ကွဲပြား သကဲ့သို့ အဓိပ္ပါယ်လည်း မတူညီပေ။ နဗီ ဆိုသည်မှ သတင်းကြီးဟု အနက်ရသည် နဗယ မှ ဆင့်ပွားလာခြင်းဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံတော်မှာ လူသားများအတွက် မိန့်ခြွေသော တရားဒေသနာ သတင်းမင်္ဂလာကို လူသားတို့ထံ အရောက်ပို့သော ပုဂ္ဂိုလ် မြတ်များကို ခေါ်ဆိုပေသည်။
ဉာဏ်စဉ်တော်ဆောင်များနှင့် သတင်းတော်ဆောင်များမှာ ရရှိသော “ဉာဏ်စဉ် အင်အား” တူညီကြပေသည်၊ သို့သော် ဉာဏ်စဉ်တော် ဆောင်တိုင်းသည် သတင်းတော်ဆောင်များ ဖြစ်သော်လည်း သတင်းတော်ဆောင် တိုင်းသည် ဉာဏ်စဉ်တော်ဆောင်များ မဟုတ်ကြပေ၊ ဉာဏ်စဉ်တော်ဆောင်များ၏ ၀န်တာမှာ လူသား အပေါင်း အား နာမ်ပိုင်းဆိုင်ရာ တစ်ခုတည်းကို သာမက ရုပ်ပိုင်းဆိုင်ရာ နည်းနာများ ဖြစ်သည့် အုပ်ချုပ်ရေး နည်းပညာ မှသည် သာမန် လူမှု စားဝတ်နေရေး နည်းပညာများထိ အစုံစုံကို သွန်သင် လမ်းညွှန်ရပေသည်။ သတင်းတော် ဆောင်များမှာမူ ရုပ်ပိုင်းဆိုင်ရာ နည်းပညာများထက် နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံ ဘာဝနာပြု နည်းများနှင့် ဉာဏ်စဉ်တော်ဆောင်များ သွန်သင် ပြသသည့် နည်းဥပဒေများကို ထိမ်းသိမ်း စောင့်ရှောက်နည်းများကို အသားပေး သွန်သင်ရပေသည်။ ထိုအချင်းအရာအား ကျမ်းမြတ်ကုရ်အံအား ကြေညစ်စွာ နှံ့စပ်သူများက အလွယ်တကူ နားလည်နိုင်ပေသည်။
မြန်မာ ဗုဒ္ဓဘာသာစကားဖြင့် အလွယ်တကူ နားလည်ရန် တင်ပြရသော် ပစ္စေက ဗုဒ္ဓများ ဖြစ်ပေသည်။

ဌေးလွင်ဦး

No comments: