Monday, May 19, 2008

အလ္လာဟ် (ပရမတ်ဘုရားရှင်)

“ဘုရား”ဟူသော ဝေါဟာရသည် အကြီးအကဲ သို့မဟုတ် ကြီးကဲမြင့်မြတ်သော ပုဂ္ဂိုလ် ဟု အနက်ရသည့် အိန္ဒိယ ဘာသာစကား “ဘရား” ဆိုသည်မှ ဆင်းသက် လာသည်ဟု ဆိုကြပေသည်၊ မည်သို့ပင် ဆိုစေကာမူ ဘာသာ တရား တစ်ခုအား လက်ခံယုံကြည်သော သူတိုင်းက မိမိ သက်ဝင် ယုံကြည်သော ကိုးကွယ်ရာ အရှင်ကို “ဘုရား” ဟု ခေါ်ကြသည်မှာ ငြင်းနိုင်ဘွယ်မရှိပေ၊
ဘာသာစကားမတူညီမှုကြောင့် “ဘုရား” ဟု အဓိပ္ပါယ်သက်ရောက်သည့် ဘာသာစကား အသံထွက်မှာလည်း မတူညီကြပေ၊ ထို့အပြင် ဘုရားဟူသည်မှာ မည်သို့ဖြစ်သည်ဟူသည့် ခံစားယုံကြည်ချက်ခြင်းလည်း မတူညီ ကြပေ၊ သို့သော် အသံထွက်ခြင်း မတူညီမှု။ ခံစား ယုံကြည်ချက်ခြင်း မတူညီမှုကြောင့် “သူ့ဘုရား” “ငါ့ ဘုရား” မတူဘူး ဟူသော ဖွင့်ဆိုချက်များမှာ လွန်စွာ ခေတ်နောက်ကျပြီး လူသားချင်း ခွဲခြား ဆက်ဆံမှုကို အားပေး အားမြှောက် ဖြစ်စေသော လူတန်းစားခွဲခြားမှု၏ ရေသောက်မြစ်ဖြစ်ပေသည်၊
အမှန်တကယ်တွင် “ဘုရား” ဟုဆိုသော မြန်မာစကားသည် “ကိုးကွယ်ခြင်းခံထိုက်သောအရှင်” ဟု ဖြစ်ကြောင်း မြန်မာစကား ပြောသောသူများ အတွက် ထိုစကားလုံးတွင် အငြင်းပွားဘွယ် မရှိပေ၊ “ဘုရားရှင် ဆိုသည်၌ ခံစား ယုံကြည်ချက်ခြင်းသာ” အမြင်ခြင်း ဖလှယ်နိုင်ရန် လိုအပ်ပေသည်၊
အစ္စလာမ်ဘာသာဝင်များက “ဘုရားရှင်” ကို ကျမ်းမြတ်ကုရ်အံလာ အာရ်ဗီဝေါဟာရ“အလ္လာဟ်” ဟု ခေါ်တွင်ကြ ပြီး။ အစ္စလာမ် ဘာသာဝင်များ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသည်သည်နှင့် အခြား ဘာသာ ၀င်များ ခံစား ယုံကြည်သော “ဘုရားရှင်” ဆိုသော သဘောတရား ခြားနားမှုကြောင့် “အလ္လာဟ်” ကို စကားလုံး မဖလှယ် တော့ဘဲ တိုက်ရိုက်မွေးစားဝေါဟာရ အဖြစ် သုံးစွဲ ရေးသားကြပေသည်၊ ကျွန်ုပ်အနေဖြင့်လည်း မူရင်း အနှစ် သာရ ပျောက်ပျက် သွားမည်ကို မလိုလားပါ။ သို့သော် စကားလုံး မဖလှယ်ဘဲ ထားပြန်ကလည်း အစ္စလာမ်တို့ ယုံကြည်လက်ခံသော အလ္လာဟ် ဆိုသည်ကို ခရစ်ယံဘာသာက ပြန်ဆိုထားသော ထာဝရ ဘုရားနှင့် အတူတူပင် ဖြစ်သည်ဟု လည်းကောင်း။ ကောင်းကင်ဘုံရှိ ရာဇပလ္လင်ပေါ်တွင် စိုးစံနေလျှက် လူ့ပြည်လူ့ရွာအား မိန့်ခြွေ လမ်း ညွှန်နေသည့် မြန်မာတို့ နားလည်ထားသည့် နတ်ဘုရားကြီး ပုံစံမျိုးဟု လည်းကောင်း။ အရာရာကို “ဥုံ-ဖွ” ဖြစ်စေဟု ပဉ္စလက် ဆရာကြီးကဲ့သို့ ဖန်ဆင်းလေ့ရှိသော ဣဿရဖန်ဆင်းရှင် အဖြစ်လည်းကောင်း နားလည် ထားကြ သူများမှာ ထိုသို့လွဲမှားသော အထင်အမြင်ထဲမှ ကျွတ်လွတ်နိုင်ရန် အခွင့်အရေး နည်းပါး လှပေသည်၊
အစ္စလာမ်ဘာသာက လက်ခံယုံကြည်သော “ဘုရားရှင်” ဆိုသည်မှာ ပညတ္တိကာယ “ပညတ်ဖြစ်တည်မှု ခန္ဓာ ကိုယ်” မဟုတ်ပေ၊ ပရမတ္တကာယ “ပရမတ်အဖြစ်” ရှိနေပြီး မံသစက္ကုဖြင့် သိမြင်ခံစားနိုင်မှု (တိုင်းတာသတ် မှတ်မှု အမြင်)မှ ကင်းလွတ်ပေသည်၊ ထိုသို့ ပရမတ်အဖြစ် တည်ရှိ၍ သဗ္ဗညုတ ဉာဏ်စဉ်တော်၏ မူလအစ ဇစ် မြစ်တော် ဖြစ်ပေသည်၊ ထိုဉာဏ်စဉ်တော်သည် ပါရမီဖြည့်ဆီး ရင့်သန်သော (ဉာဏ်စဉ်တော် ကိန်းဝပ်မှု ခံနိုင် ရည် စွမ်းရှိသော) ပုဂ္ဂိုလ်မြတ်များအား ခံနိုင်ရည်စွမ်းအလျှောက် ဉာဏ်စဉ်အဆင့်များကို ကိန်းဝပ် ပေးပေသည်၊ ထိုဉာဏ်စဉ်အဆင့်ပေါ်မူတည်၍ ဉဏ်စဉ်တော်ရပုဂ္ဂိုလ်တို့အား ဉာဏ်စဉ်တော်ဆောင် (ရစူလ်)။ သတင်းတော် ဆောင် (နဗီ)။ နိမိတ်တော်ဆောင်များ။ ရဟန္တာများ သောတာပန်များ စသည်ဖြင့် အဆင့်အဆင့် ခေါ်ဆိုပေ သည်၊
အစ္စလာမ်ဘာသာဝင်တို့ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသည်ကို ကျွန်ုပ်တို့၏ နောင်တော်ဗုဒ္ဓ ဘာသာဝင် များ နားလည်ခံစားနိုင်ရန် ပမာပေးရှင်းပြရလျှင်-မဟာယန ဗုဒ္ဓ ဘာသာဝင်များ လက်ခံသော ဓမ္မကာယ “မူလ ဇစ်မြစ် တရားကိုယ်” ဆိုသည်နှင့် နီးစပ်မှုရှိသော်လည်း မဟာယနတို့၏ အယူအရ ဓမ္မွကာယသည် လောက လူသားတို့အား ကယ်တင်ရန် အလို့ငှာ သံဘောဂကာယ (ဗောဓိသတ္တ) “လူသားဘုရား” အဖြစ် ခံယူကာ လော ကသို့ ကြွလာသည်ဟု ဆိုထားသဖြင့်။ လူသားဘုရားအဖြစ် လောက၌ ၀င်စားခြင်း မရှိသော ပရမတ်ဘုရားရှင် “အလ္လာဟ်” အား ဓမ္မကာယဟု ဘာသာ ပြန်ဆိုလျှင် အဓိပ္ပါယ် နီးကပ်မှု အားနည်းနိုင်မည် ဖြစ်သည်၊
ထေရ၀ါဒဆရာတော် နိုင်ငံကျော် ဓမ္မစေတီ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော သမစိတ္တဘာသာကျမ်း သံဃာစစ်တမ်း အလင်းကျမ်း သံဃာဟုတ်မဟုတ် မေးခွန်းထုတ်ကျမ်း (ဂန္ဓမာပုံနှိပ် တိုက်မှထုတ်ဝေသည်)တွင် “လူကဖြစ်သော ဥပဇာဗုရား။ ပုဂ္ဂလဓိဌာန်ဗုရားတို့ကို ပါယ်၍ ဗုဒ္ဓါန ဗုရားအစစ် ဓမ္မွဓိဌာန် သဗ္ဗညုတဉာဏ် နိယ တ အမြဲဗုရားကို ပြဦးအံ့၊ လောကေ။ လောက၌။ ဧကောရေ၀။ တဆူသာလျှင်။ ဥပ္ပဇန္တိ ဖြစ်ကုန်၏။ ကိံကရဏံ အဘယ် ကဲ့သို့နည်း ဟူမူကား။ မဟန္တံ ကြီးမြတ်သော သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်ကို အစိုးရသော ဓမ္မ ဓိဌာန် နိယတ အမြဲဗုရားသည်။ ဂုဏာနံ ဂုဏ်ပေါင်းတကာတို့၏ တည်ရာဖြစ်သော။ ဧကန္တ ထိုသဗ္ဗညုတအရှင် နိယတသခင် တဆူတည်း အမြဲဗုရားသည်သာလျှင် ဟောတိ ဖြစ်၏။ ဣတိ ဤသို့ ဂဏှိတဗ္ဗံ ယူမှတ်အပ်၏၊” ဟူ ၍လည်းကောင်း။
သုံးဆယ်မြို့ ဘုရားဒကာ ဦးလူငယ် ရေးသားသော သဗ္ဗညုတစိန္တာမဏိကျမ်း စာမျက်နှာ (၂) တွင် “သဗ္ဗညုတ ဘုရားသခင်သည် အမိမရှိ အဘမရှိ ကိုယ်ထက်မြတ်သော သူမရှိ။ ပါရမီဆယ်ပါးကိုမဖြည့် ဒါန သီလ ဘာဝနာ တို့ကို မပြုလုပ်ဘဲ။ အလိုလို ဖြစ်တော်မူကြောင်း။ သက်သေကား- သယံ။ အလိုလို။ ဘူတံ။ ထင်ရှား။ ဇာရတိ ဖြစ်တော်မူ၏။ သယံအဘိညာယ ကာရေဿရန္တိ ဆရာမိဘကင်း၍ ဖြစ်သော ပါဠိသက်သေ။ သဗ္ဗညုတဘုရား တဆူတည်း ဖြစ်ကြောင်း သက်သေခံပါဠိကား သာရတ္ထသင်္ဂဟကျမ်း၌ ဗုဒ္ဓါနုပန။ ဧကောရေ၀ ဥပ္ပဇ္ဇန္တိ။ ကိံ ကရ ဏံ။ မဟံန္တံတာရ။ သဗ္ဗညုတဉာဏ ဂုဏာနံ။ မဟန္တံ ဟောတိ။ ဧကံတံရေ၀။ ဂဏှိတဗ္ဗံ၊ ဗုဒ္ဓါနုပန ဘုရား မည် သည်ကား။ လောကေ လောက၌။ ဧကောရေ၀ တဆူတည်းသာလျှင်။ ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏။ ကိံကရဏံ အဘယ် ကဲ့သို့နည်းဟူမူကား။ မဟန္တ ကြီးမြတ်သော သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်တော်သည် ဂုဏာနံ ဂုဏ်တို့၏ တည်ရာဖြစ်သော။ ဧကံတံ ထိုသဗ္ဗညုတဉာဏ် တဆူတည်းသာလျှင်။ ဟောတိ ဖြစ်၏။ ဣတိ ဤသို့ ဂဏှိတဗ္ဗံ ယူအပ်၏၊” ဟူ၍လည်းကောင်း ဖေါ်ပြထားကြပေရာ၊
ထိုထေရ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်များ ရှင်းထားသည့် သဗ္ဗညုတဘုရားရှင် ဆိုသည်မှာ ပရမတ်ဘုရားဖြစ်၍ လူသားပညတ်ဘုရား။ ဥပဇာ ဘုရားများနှင့် မသက်ဆိုင်ပေ၊ ထိုပရမတ်ဘုရားရှင်က လူသား အဖြစ် ၀င်စား၍ လောကသို့ ကြွလာတော် မူသည်ဟုလည်း မဟာယန ဗုဒ္ဓဘာသာ ကဲ့သို့ ခံယူထားသည်ကို မတွေ့ရပေ၊ လော က လူသားမှ ပွင့်ပေါ်သော ဘုရားများမှာ ထိုပရမတ် ဘုရားရှင်မှ ချီးမြှင့်သော ဉာဏ်စဉ်တော် ကိန်းဝပ်ခြင်းကို ခံရသည့် လူသားစင်စစ်များ (ဘုရားကပြားများမဟုတ်) ဖြစ်ကြောင်းကို သဗ္ဗညုတ စိန္တာမဏိကျမ်း စာမျက်နှာ (၁၅)တွင် “ရှင်ဂေါဓမဘုရား သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသကဲ့သို့ အခြား စကြာဝဠာများမှာလည်း ရှင် ဂေါဓမ အရှင်မြတ်ကဲ့သို့ သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသော ဘုရားပေါင်းကား အနန္တပင်ရှိချေမည်၊” ဟု လည်းကောင်း။ စာမျက်နှာ (၁၇) တွင် “မနိမဉ္ဖူဋ္ဋီကာကျမ်း၌—သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်တော်ကို ပတိ လာဘ ရခြင်းကြောင့် တဿ ထိုခန္ဓာငါးပါးအစဉ်ကို ဗုဒ္ဓေါတိ ဘုရားဟူ၍ ပညတ္တတ္တာ ပညတ်သည်၏ အကြောင်း ကြောင့်တည်း” ဟုဆိုထားပေသည်၊
အစ္စလာမ်ဘာသာတွင်မူ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိသော ပုဂ္ဂိုလ်မြတ်တို့အား ပညတ်ဘုရား ဟူ၍ မခေါ်ဆို ပေ။ ဉာဏ်စဉ်တော်ဆောင် (ရစူလ်)။ သတင်းတော်ဆောင်(နဗီ) များဟုခေါ်ပေသည်၊ လူသား ဉာဏ်စဉ်တော် ဆောင်များကို ပညတ်ဘုရားဟု မခေါ်ဆိုသော်လည်း အစ္စလာမ် ဘာသာက လက်ခံသော အလ္လာဟ် ဆိုသည် မှာ ထိုဆရာတော်ကြီးများ ရှင်းပြသော ပရမတ်ဘုရားရှင်နှင့် အနှစ်သာရခြင်း တသဘောတည်းဖြစ် ပေသည်၊


ဌေးလွင်ဦး

4 comments:

moosinar said...

assalamualaikom....

alhumdulila...this site is so valuable ...
May allah's belssings, help and kindness be upon u....



with regards...
moosinar

Muhammad the Teddy Bear said...

ဟကောင် ငမွတ် အဲဒီကျမ်းတွေကပါဠိအရေခြုံဖန်ဆင်းရှင်
ဝါဒီကျမ်းတွေကွ။ ဘယ်ဗုဒ္ဒဘာသာမှလက်မခံဘူး ပြီးတော့အဲဒီကျမ်းတွေကဘယ်လောက်authenticဖြစ်လို့ဘယ်
သူတွေကယူသုံးနေလို့လဲ။အဲဒီကျမ်းရေးတဲ့လူတွေကဗုဒ္ဒ
ဘာသာဝင်မဟုတ်ဘူးဆိုတာမင်းသိလား
မင်းဘက်ကဖန်ဆင်းရှင်ဘုရား
သခင်ရှိကြောင်းသက်သေပြတဲ့ကျမ်းတွေထုတ်ပြမယ်ဆိုရင်
ငါ့ဘက်ကလည်းမိစ္ဆာမှော်ဆရာကြီး ဗိုလဒီမော့ပ်ရှိကြောင်း
သက်သေပြတဲ့စာအုပ်၇အုပ်ပြနိုင်တယ်ဟေ့ကောင်ရေ။
ကျောက်ကွင်းအရေးတော်ပုံကောက်နှုတ်ချက်ကိုဖတ်ကြည့်လိုက်

နောက်နံပါတ် (၆) အချက်က ဘုရားက ဖြစ်တဲ့ဘုရားလို့ ဆိုတဲ့ကိစ္စပါ မိတ်ဆွေ ဓမ္မ ဆရာများက ဂေါတမဟာ လူကဖြစ်တဲ့ ဘုရားတဲ့ ပဲဒီလိုပြောကြတယ် ပြောတဲ့အတိုင်းဟုတ်ပါ တယ် ၊ လူကဖြစ်တဲ့ဘုရားပါလို့ ဦးပဇင်းကလည်း ၀န်ခံပါတယ်၊ ဦးပဇင်းကသာ မဟုတ် ဗုဒ္ဓဘာသ ၀င်တိုင်းကပဲ ၀န်ခံပါလိမ့်မယ် ၊ ဂေါတမဘုရားဖြစ်တာဟာ အကျိုးတရားပ်ါအကျိုးရှိလာတာဟာ အကြောင်းရှိရမယ်ဆိုတာကို တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာသာဝင်တိုင်းက ထောက်ခံကြပါတယ် ဘုရားဖြစ်ဖို့ အကြောင်းတွေကို အကြောင်းပြုပြီးတော့ လက်တွေ့အားထုတ်ကြိုးပမ်းခဲ့တဲ့ဗတွက် ဘုရားတည်းဟူသော အကျိုးတရားကို ရခဲ့ပါတယ် အလွန်ပဲ သဘာဝကျပါတယ်
ဘုရားဖြစ်ဖို့ ကိစ္စကို ဂေါတမဘုရားအလောင်းတော်ဟာ အလွန်အမင်းဗားထုတ် ကြိုးပမ်း တော်မူခဲ့ရပါတယ် ဒုက္ခတွေ အများကြီး ခံခဲ့ရပါတယ် စွန့်လွတ်ခြင်း အမျိုးမျိုးကို အကုန်အစင် စွန့် လွတ်ခဲ့ရပါတယ် တွယ်တာစရာ အစွဲအမှတ်သညာဟူသ၍ကို တစ်စုံတစ်ခုမျှ မငြိကပ်အောင် အား လုံးကို တွန်းလှန် ပစ်ခွာတော်မူခဲ့ရပါတယ် ၊ ဒီလောက် လူသားတို့က အမှန်အဟုတ်လို့ ထင်နေတဲ့ ဥပါဒါန်အစွဲအမှတ်တွေကို အမှန်အတိုင်း ဘာမှမဟုတ်တဲ့ ရုပ်နာမ်ဓမ္မသဘာဝ ဖွဲ့စည်းပေါ်ပေါက်မှု ကို တခဏတာပါလားလို့ အမှန်သိတဲ့ သဗ္ဗညုတဥာဏ်တော်ကို ရအောင် အားထုတ်တော်မူခဲ့ရပါ တယ်။ဂေါတမဘုရား ဖြစ်ဖို့အကြောင်းကို အားပြုသောအားဖြင့် ဘုရားတည်းဟူသော အကျိုး ကို ရပါတယ် ထိုရရှိသော တရားဟာ ဤလောကရှိ ရုပ်နာမ်သဘာဝ သက်ရှိလောကရဲ့ ဇာတိအဖြစ်သည် ဆင်းရဲခြင်းကို ပန္နက်ရိုက်ခြင်းပင် ဒီပန္နက်ကို အစွဲပြုပြီး ဇရာ ၊ဗျာဓိ ၊မရဏ ဆိုတဲ့ သဘာဝ ဒုက္ခကြီးတို့၏ အုပ်စိုးရာဘ၀အဖြစ်ပါကလား ဒီဘ၀မျိုးရဲ့ ကုန်ရာကုန်ခြင်းသည် သန္တိသုခ နိဗ္ဗာန် ဓါတ်သားအဖြစ် ရမှသာလျှင် ဖြစ်ပါကလားလို့ သိမြင်တော်မူခဲ့ပါတယ်။ ဂေါတမ ဗုဒ္ဒကိုယ်တော်တိုင်လည်း ဒီအတိုင်းသိမြင်ပြီး လူတွေကိုလည်း ဒီအတိုင်း သိမြင်ကြရန်သာ ဟောပြောပြသလမ်းညွန်တော်မူခဲ့ပါတယ်။
ထာဝရဘုရားလိုတော့ လူတွေထဲက သူ့ကိုယုံကြည်ကိုးကွယ်တဲ့ လူကိုမှ ကယ်တင် မယ် မယုံကြည်တဲ့လူ ၊ ငြိုငြင်ငြူစူခြင်း ခံရမယ် ဒဏ်ခတ်မယ်လို့ မပြောခဲ့ ၊ မဟောခဲ့ပါဘူး ဂေါတ မရှင်တော်ဘုရား ဟောတာကတော့ ဘယ်သူပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကိလေသာများရင် များသလောက် လောင်မြိုက်မှု ဒုက္ခတွေ ခံရမယ်း ကိလေသာနည်းရင် နည်းသလောက် မီးအေးမယ်လို့ ဆိုလိုပါ တယ် ကိလေသာဆိုတာ ဘာလဲ လောဘ-အပိုကို တပ်မက်တွယ်တာခြင်း၊ ဒေါသ-အမျက်ထွက် ခြင်း မောဟ- မသိနားမလည်ခြင်း ၊ တွေဝေခြင်းကို ဆိုလိုပါတယ် အဲဒါတွေကို သိနားလည်ရင် ဘယ်သူပဲ သိနားလည် သိနားလည်၊ ကိုယ့်ဟာကိုယ် လောင်မြိုက်ခံရတဲ့မီးက ငြိမ်းအေးမယ် ကင်းလွတ်မယ်လို့ ဆိုလိုပါတယ် ဆိုလိုရင်းကတော့ ဗုဒ္ဓရဲ့ အလိုအားဖြင့် အကြောင်းတစ်ခုရှိလို့သာ အကျိုးတစ်ခုပေါ်လာခြင်း စတဲ့ စပ်ဆက်မှုများ မဆုံးရင် သံသရာလို့ခေါ်ပါတယ်။ ဒီသံသရာဆိုတဲ့ အကြောင်းအကျိုးဆက် သဘာဝဒုက္ခကြီး ရှိနေသမျှ သားကိစ္စ၊ သမီး ကိစ္စ ၊ စီးပွားရေးကိစ္စ ၊ ဘ၀အသက်တည်မြဲရေး ဆိုတဲ့ ကျန်းမာရေး ၊ စားသောက်နေထိုင်ရေး ၊ ဒီစားသောက်နေထိုင်ရေးတို့ ပြည့်စုံဖူလုံသော်လည်း လျော့ပါးသွားမှာကို ပူဆွေးစိုးရိမ်ရခြင်း ၊ မပြည့်စုံသဖြင့် တောင့်တမျှော်မှန်း အားထုတ်ရခြင်းစတဲ့ ဝေါဟာရ ဒုက္ခတွေလည်း မဆုံးနိုင်အောင် ထပ်ဆက် တိုးပွား များပြားနေကြရပါတယ် အဲဒီတော့ အကြောင်းအကျိုးဆက် ဒီသံသရာက အကြောင်းအကျိုးကင်းတော့ ငြိမ်းချမ်းရေးကို ရအောင် လောဘ ၊ ဒေါသ ၊ မောဟတွေကို ပယ်ကြ ပါလို့ ဂေါတမရှင်တော်ဘုရားက ဟောကြားတော်မူခဲ့ပါယတယ်။ အဲဒီတော့ ဘုရားဖြစ်ရေး အားထုတ်မှုကြောင့် ဘုရားဖြစ်ရတဲ့ လူသာမန်က ဘုရားဖြစ် တာကိုတော့ တစ်ကမ္ဘာလုံးက မငြင်းပါဘူး ခေတ်ပေါ်ပညာရှိများနှင့် စဉ်းစားကြတဲ့ ပုဂ္ဂိုလ်တိုင်းက လည်း ထောက်ခံထားကြပြီးပါပြီ ဥပမာ ပုံစံပြောရမယ်ဆိုရင် ကျောင်းနေပြီး ပညာသင်ကြား အားထုတ်ခဲ့တဲ့အတွက် ဘီအေ ၊ အမ်အေ၊အိုင်စီအက်စ် စတဲ့ စာမေးပွဲတွေအောင်ပြီး ဘွဲ့ဒီဂရီတွေ ရခဲ့တဲ့ဗတွက်ကြောင့် မြို့အုပ် ၊ ၀န်ထောက် ၊ အရေးပိုင်အစရှိတဲ့ အကျိုးတွေ ရခဲ့ပါတယ် ဒီပရိသတ်ထဲက အရေးပိုင် မဖြစ်ချင်တဲ့လူ ၊ ဘုရာင်ခံ မဖြစ်ချင်တဲ့လူ ရှိပါသလား ရှိမယ်မဟုတ်ပါဘူး ၊ အားလုံးဖြစ်ချင်ကြမှာပဲ၊
သို့သော် ဘာကြောင့် မဖြစ်ကြသလဲ ၊ ဖြစ်နိုင်တဲ့ အကြောင်းတရားတွေကို အားမထုတ်ခဲ့လို့ပေါ့ သာမညလူက သူဌေးကြီးဖြစ်တာ အံ့သြစရာကောင်းတယ် ၊ သူဌေးသားက သူဌေးသားဖြစ်တာ ဘာများ အံ့သြစရာ ရှိပါ့မလဲ သည်လိုပဲ လူကဘုရားဖြစ်တာ အံ့သြစရာပေါ့ ၊ ဘုရားကဘုရားဖြစ် နေဖို့ မလိုပါဘူး ဘုရားကဘုရား လူက လူဖြစ်တယ်ဆိုတာ အံ့သြစရာလား ၊ လူက ဘုရားဖြစ်ရင် ဘုရားက လူဖြစ်ရင်၊ လူက မျောက်ဖြစ်ရင် ၊ မျောက်က လူဖြစ်ရင် ၊ အံ့သြစရာမကောင်း ပေဘူးလား။ ပြောတိုင်းသာ ယုံကြစတမ်းဆိုရင် အားလုံးကိုယ်ပိုင်ဥာဏ်ဆိုတာတွေဟာ အလာ ကားချည်း ဖြစ်ရတော့မယ် လူမဆိုထားနဲ့ တိရစ္ဆာန်တောင် ယုံထိုက်မှ ယုံတာ ၊ ခွေးတစ်ကောင်ကို သူ့သခင်ယောင်ဆောင်ပြီးပြလို့ ယုံမယ်ထင်သလား မြင်းတို့ ၊ နွားတို့လည်း ဒီလိုပဲ ၊ ဆင်ဆိုတာ ပို တောင် ဆိုးသေးတယ် စီးနေကျ သူ့ဦးစီးမဟုတ်ရင် ခါချပြီး နင်းသတ်တာမျိုး ၊ ဒီအထိ သူတို့ လည်း ဥာဏ်တွေရှိတာပဲ ငါ - မင်သခင်လုပ်မယ် ဆိုရုံနဲ့ ရတာမျိုးတော့ ကျွန်ပ်တို့ လူသား လူတွေပဲရှိရဲ့ ဟုတ်မဟုတ် စဉ်းစားကို မစဉ်းစားချင်ကြဘူး လွမ်းစရာပြောရင် လွမ်းပစ်လိုက်တာပဲ ဟုတ်လို့ လွမ်းတာက နည်းနည်း ၊ လွမ်းစရာကောင်းလို့ လွမ်းကြတာပါး ပွဲထဲများ ကြည့်ပါလား၊ ဇာတ်ကတယ်ဆိုတာ ငှါးတဲ့သူက ပိုက်ဆံပေးလို့ လာကတာ ပွဲကြည့်တဲ့လူတွေက လွမ်းခန်းမှာ မျက်ရည်များသုတ်လို့ ဟိုမှာ တကယ်ဖြစ်နေတာလည်း မဟုတ်ဘူး ၊ ဇာတ်ကနေတာပါ ၊ သူ့မှာ တကယ်ဖြစ်နေတယ် အံ့ရော။အဲဒါ ကျူပ်တို့ လူမျိုးတွေပဲ ၊ဟုတ်မဟုတ် ယုတ္တိသဘာဝနဲ့လည်း နည်းနည်းတော့ စဉ်းစားကြည့်မှပေါ့ ပြောတိုင်းယုံဖို့ဆိုတာ ကောင်းလည်းမကောင်းပါဘူး သဘာဝလည်းမကျပါ ဘူး ကိုယ့်မှာရှိတဲ့ မျက်စိ ၊ နား၊ နှာ ၊လျှာ၊ကိုယ် အတွေးနှင့်လည်း လေ့လာစဉ်းစား ကြပြီးမှပေါ့။ ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိမရှိပါဘူး ဒါကို ကိုးကားပြောဆိုလို့ ကောင်းတဲ့ မြန်မာစကားတောင် မဟုတ်ဘူး ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိကင်းမဲ့တဲ့ အတွက် ယုံကြည်ဖို့ အလွန်ခဲယဉ်းပါတယ် ပြောတိုင်းမယုံကြည်ကြပါနဲ့ စဉ်းစားပြီးမှ ယုံကြပါ လူတစ်ယောက်ဟာ ကျောင်းနေပြီး စာမသင်ဖူးပဲနဲ့ ဘီအေ ၊ အမ်အေ ၊အိုင်စီအက်စ် အောင်တယ် ဆိုတာ မိတ်ဆွေတို့ ယုံကြမလား လယ်သမားတစ်ယောက်က လယ်ထဲဆင်းလည်းမဆင်း၊ ထွန်လည်း မထွန် ၊ ပျိုးလည်း မနှုတ် ၊ ကောက်လည်း မစိုက် ၊ ရိတ်နယ်ခြင်း မပြုပါဘဲနှင့် အိမ်ပေါ် မှာ အိပ်နေရုံမျှနဲ့ စပါးရနိုင်ပါ့မလား ဘယ်တော့မှ မရနိုင်ပါဘူးး လုပ်မှကိုင်မှ ရကြတယ်ဆိုတာ အထင်အရှားပါ အခုလည်း ဘုရားဖြစ်တယ်ဆိုတာ ဘုရားဖြစ်ဖို့ လုပ်ငန်းများကို မလုပ်ပါဘဲနဲ့ ယုတ္တိရှိပါ့မလာား၊ ယုတ္တိမရှိပါဘူးအဲဒီလို ယုတ္တိ မရှိတာကို ယုံသင့် မယုံသင့် စဉ်းစားကြည့် ကြစမ်းပါ ထာဝရဘုရားကတော့ သူ့သာ ယုံကြည်ကိုးကွယ် ဘာမှမပူနဲ့တဲ့ ကဲ ယုံကြမလား၊ ယုံနေတဲ့သူတွေ အခုဒီမှာ အများကြီးပဲ ထာဝရပေးလို့ရတဲ့ ဆန်စပါး ဘယ်နှစ်ယောက် စားရဖူးသလဲ ကိုယ့်ဟာကို လုပ်လို့ရတာသော်လည်းကောင်း၊ ကိုယ်ပိုင်ဥာဏ်နဲ့ ရှာကြံလို့ ရရှိတဲ့ ပိုက်ဆံနှင့် တန်ရာတန်ကြေးပေးမှ ရရှိကြတာချည်း မဟုတ်ပါလား ဦးပဇင်းတို့ရဲ့ ဂေါတမရှင်တော် ဘုရားကတော့ (အတ္တာဟိ အတ္တာနော နာထော) တဲ့ ၊ ကိုယ့်အားကိုယ်ကို ကိုးကြတဲ့ ကဲ …ဒီတော့ ကာ လက်တွေ့မှာ ကိုယ်လုပ်မှ ကိုယ်ရတာကို ထင်ရှားမနေပေဘူးလား ဘယ်ဘုရားဟောတာက ခုလူတွေမှာ လက်တွေ့မှန်သလဲ ၊ ခရစ်ယာန်ဓမ္မဆရာကြီးတွေ ပြောသလို ထာဝရဘုရားမှာ တန်ခိုးတော် အနန္တရှိတယ်ဆိုရင် ဒီဓမ္မဆရာကြီးတွေ ကိုယ်တိုင် ဒီထိဗောင်ပင်ပန်းခံပြီး လာနေစရာတောင် မလိုဘူး အိမ်ကနေပြီး ထာဝရဘုရားကို တိုင်တည် ဆုတောင်းလိုက်ရင် အား
လုံးကိစ္စ ပြီးနေတော့မယ် မဟုတ်လား ဦးပဇင်းတို့လည်း သူတို့ရဲ့ ဆုတောင်းပြည့်သွားတဲ့အတိုင်း ရှုံးပြီး အေးအေးဆေးဆေး ထိုင်နေရုံပဲရှိတော့တယ်ဘာမှကို

Muhammad the Teddy Bear said...

(အဆက်)ပြောနေစရာမလိုတော့ဘူး မဟုတ် လား။

ကျောက်ကွင်းဝါဒပြိုင်ပွဲဒေါင်းလုဒ်လင့်
http://www.megaupload.com/?d=MAKGRM6M

life said...

WA ha ha ha.ပြောတိုင်းမယုံပါ။ ကိုယ်တိုင် တွေး တော ပြီးမ ယုံပါသည်။ မိတ်ဆွေများလည်း မိမိကိုယ်တိုင်
ဥာဏ်နဲ. ပြောတိုင်းမယုံ ပဲ တွေတောနိုင်ကျ ပါ စေ။