Saturday, May 31, 2008

ကျမ်းမြတ်ကုရ်အံ မိတ်ဆက်

ဟိန္ဒူ ဘာသာဝင်များ အတွက် ဘဂ၀ဂီတ၊ ရေ၀တီ ဘာသာဝင် (ဂျူး)များ အတွက် တိုရာ (ဓမ္မဟောင်း)၊ ဗုဒ္ဓဘာသာဝင်များ အတွက် ပိဋက၊ ခရစ်ယံများ အတွက် သမ္မာကျမ်းစာ တို့သည် အဓိက ပင်မကျမ်းတော်များ ဖြစ်သကဲ့သို့ အစ္စလာမ်
ဘာသာဝင်များ အတွက် ကုရ်အံကျမ်းတော်သည် အဓိက ပင်မကျမ်းတော် ဖြစ်သည်။
စာပေကျမ်းဂန်တိုင်းတွင် ထူးခြားချက် ၀သေသဂုဏ်ပုဒ်များ ရှိကြသကဲ့သို့ ကျမ်းမြတ်ကုရ်အံတွင်လည်း ထူးခြားသောဂုဒ်များ များစွာရှိပေသည်။ ၎င်းတို့အနက်-
(၁) ကျမ်းတော်သည် “ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်” ဟု တဆင့်ပြန် ပြောကြားခြင်း မဟုတ်ဘဲ တိုက်ရိုက်စကား ဖြစ်သည်။
(၂) အသက်မဲ့ဘာသာ စကား (စကား အသံထွက်သာ ရှိ၍ စာပေအက္ခရာ မရှိသောစကား၊ ပြောဆိုသော လူမျိုး မရှိတော့ဘဲ အသံထွက် အားဖြင့်သာ ကျန်ရှိနေသော စကား) မဟုတ်ဘဲ လက်ရှိခေတ်ထိ ပြောဆို သုံးစွဲ ရေးမှတ် ထွန်းကား နေသော ဘာသာစကားကြီး (ကုလသမဂ္ဂသုံး တရားဝင် ဘာသာစကားနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ရုံးသုံး ဘာသာစကား ဖြစ်သည့်) အရ်ဗီစာပေ စကားဖြင့် မူရင်း မပျက် မှတ်တမ်းတင်ထားသော ကျမ်းတော် ဖြစ်သည်။
(၃) ကမ္ဘာပေါ်တွင် လူသားများ (အနည်းဆုံး လူဦးရေ သန်း ၃၀ ခန့်) အလွတ်အရဆုံး ကျမ်းတော် ဖြစ်သည်။
(၄) ကမ္ဘာလူမျိုးပေါင်းစုံက ကျမ်းတော်ကို သက်ဝင် ယုံကြည်သော်လည်း၊ အာရ်ဗီစကားဖြင့် မူရင်းမပျက် တည်ရှိနေမူကို သဘောထား ညှိနေရန် မလိုဘဲ ကန့်ကွက်မည့် သူမရှိ မြတ်မြတ်နိုးနိုး တန်ဘိုးထားကာ မိမိကသာ မငြိုမငြင်ဘဲ နားလည်အောင် ကျိုးစားယူသော တုနှိုင်းမဲ့ ကျမ်းတော် ဖြစ်သည်။
(၅) မူရင်း အာရ်ဗီစာသားမှ ရုံးသုံးစကားရှိသော ကမ္ဘာ့ဘာသာစကား အားလုံးသို့ ဘာသာပြန်ပြီးသည့် အပြင် အစ္စလာမ် ဘာသာဝင်များ သာမက အစ္စလာမ်ဘာသာဝင် မဟုတ်သူများကပင် လူမျိုးတိုင်းအတွက် အကျိုး ဖြစ်ထွန်းစေသည်ဟု ယုံကြည်သောကြောင့် ဘာသာပြန်ယူကြသော ကျမ်းတော်ဖြစ်သည်။ (ခရစ်ယံ ဘုန်းတော်ကြီးများ ဖြစ်သည့် ရော့ဒ်ဝဲလ်၊ ပါလ်မာ၊ ဆေးလ် နှင့် ကုရ်အံကို ဘာသာပြန်ပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်း သက်ဝင်လာသော ဒေးဗက်ဒ် နှင့် ပက်ေဿာ တို့အပြင် ကျမ်းမြတ်ကုရ်အံကို ဂျပန်သို့ ပထဦးဆုံး ပြန်ဆိုသော ပုဂ္ဂိုလ်မှာ ဂျပန် ဗုဒ္ဓဘာသာဝင် ဂျပန်စာ ပါမေက္ခကြီး ဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အံကို မြန်မာစာ အဆန်ဆုံး ပြန်ဆိုခဲ့သည့် သီရီပျံချီ ဦးဘစိန်၏ ကုရ်အံဘာသာပြန်ကိုလည်း မြန်မာ့သမိုင်းဝင် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ဥက္ကဌကြီး ဘကြီးဘဖေ ကိုယ်တိုင် စေတနာ အလျှောက် စိတ်အား ထက်သန်စွာဖြင့် မြန်မာစာ အသုံးများကို စဆုံး တည်းဖြတ် ပေးခဲ့ပေသည်)။
ထိုသို့ ထူးခြားနေသော ကျမ်းတော်တစ်ခုအား မည်သည့် ခံယူချက်ပင် ရှိစေကာမူ စာပေ၀ါသနာ ပါသူတိုင်း၊ ဗဟုသုတ လိုလားသူတိုင်း ဖတ်ရှု လေ့လာသင့်သော ကျမ်းတော် တစ်အုပ် ဖြစ်ပေသည်။
ကုရ်အံကျမ်းတော် တစ်အုပ်လုံးအား အာရ်ဗီမူရင်းဖြင့် ပုံမှန် ဖတ်ရွတ်လျှင် (၁၉) နာရီခန့်သာ အချိန်ပေးရ ပါသည်။ အာရ်ဗီစာပေ မတတ်ကျွမ်းသော အစ္စလာမ် ဘာသာဝင် မဟုတ်သည့် ဓမ္မမိတ်ဆွေ၊ စာပေမိတ်ဆွေ များအား မကြာမှီတွင် လုံးဝ မြန်မာစာ သက်သက် (လေးနက်သော စကားလုံးများကို ရှင်းလင်းချက်များ) ဖြင့် အခမဲ့ လေ့လာ ဖတ်ရှုနိုင်ရန် ၀က်ဘ်ဆိုက် မှ တင်ပေးပါမည်။

ဌေးလွင်ဦး

17 comments:

Ordinary person said...

Assalammo Alaikum

Eid Mubarak

Dear Ko Htay Lwin Oo,
Please be informed that I have added your wonderfull blog and websites to my islam-yaungche.blogspot.com/
May salammat, barakat and rahamat be upon you.

Wasalam,
Haleema

ရွက်ဝါ said...

ကိုဌေးလွင်ဦးသို့ ပေးစာ (၁)



Islam Sasana အစ္စလာမ် သာသနာ ဘလော့ဂ်ကို ရေးသားသူ ဘလော့ဂါ ကိုဌေးလွင်းဦး ဆီသို့ပေးပို့ရန် ရည်ရွယ်ပြီး ဒီပို့်စ်ကိုရေးသားပါသည်။



ကိုဌေးလွင်ဦး ခင်ဗျား

ကျွန်တော်ကတော့ ရွက်ဝါဘလော့ဂ်ကို ရေးသားသူ ဘလော့ဂါ ကိုရွက်ဝါ ဖြစ်ပါတယ်။ ကိုဌေးလွင်ဦးရဲ့ ဘလော့ဂ်ကို ရောက်ဖြစ်ပါတယ်။ စာတွေလည်း ဖတ်ဖြစ်ပါတယ်။ The Hloy Islam အစ္စလာမ် သာသနာတော် ဝဘ်ဆိုက်မှာလည်း အီးမေးကိုပါ ဖော်ပြထားပြီး အခြားသူများ၏ ဝေဖန်မှုများ၊ မေးခွန်းများ နှင့် ဉာဏလုံလများကို ဖိတ်ခေါ်ထားတာတွေ့ရသောကြောင့် အထူးဝမ်းသာရပါတယ်။



အခုကျွန်တော် ဝေဖန်ရေးသားပါ့မယ်။ ဘာသာရေး အစွဲကင်းကင်းနဲ့ ဘလော့ဂ်စာပေ ဝေဖန်ရေးလို့ သဘောထားပြီး ဖတ်ပေးပါ။ ဘာသာရေးနဲ့ ပတ်သက်တာတွေ ပြောဖို့လိုအပ်ရင်လည်း တတ်နိုင်သမျှ ခိုင်လုံသော အထောက်အထားကို ပြပြီးပြောပါ့မယ်။ ကျွန်တော့်ဝေဖန်ချက်တွေကို ကိုဌေးလွင်ဦးရဲ့ ဘလော့ဂ်မှာ ဝဘ်ဆိုက်မှာ တင်ပေးပါလို့ မတောင်းဆိုလိုပါဘူး။ အချိန်ရမယ်ဆိုရင် အလေးထားပြီး ပြန်လည်ဆွေးနွေးပေးပါ။



အပြောအဆို မတတ်လို့ နားဝင်မချိုခဲ့ရင် သီးခံပေးပါ။ ကျွန်တော့ရင်ထဲက ဘလော့ဂ်စာပေ အရေးအသား တိုးတတ်စေချင်တဲ့ စေတနာ၊ လမ်းလွဲနေတယ် ထင်တဲ့ အတွေးအခေါ်တွေကို ပြင်ပေးချင်တဲ့ စေတနာ စတာတွေကို မြင်အောင်ကြည့်ပြီး နားလည်ပေးပါ။ ကြိုတင်ပြီး ပြောထားချင်တာက ကျွန်တော့်အနေနဲ့ ကိုဌေးလွင်ဦးအပေါ်မှာ ဘာအငြိုးအတေးမှ မရှိသလို ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုလည်း မရှိပါဘူး။ စိတ်ဆိုးဒေါသလည်း မရှိပါဘူး။ ယခုပြောမဲ့စကားအားလုံးဟာ ရိုးသာတဲ့ စေတနာ သက်သက်နှင့်သာ ဖြစ်ပါတယ်။



၁) ဘန်နာမှ စာသားများအား သုံးသပ်ခြင်း

“အစ္စလာမ်သည်း ပုဂ္ဂိုလ်မြတ် တစ်ဦးဦး၏ အမည်နာမ မဟုတ်။”



အငြင်းမပွားလိုပါ။ သို့သော် ဗုဒ္ဓဘာသာ၊ နှင့် ခရစ်ယာန်ဘာသာ ၂-ခုလုံးကို တည့်တည့်ကြီးမဟုတ်တောင် စောင်းချိတ်၍ ပြောနေသလို မြင်မိပါတယ်။ ကျွန်တော့်အနေနှင့် အကြံပေးချင်တာကတော့ ဘယ်အကြောင်းအရာကို လေ့လာသည်ဖြစ်စေ အမည်နာမသည် အနှစ်သာရမဟုတ် ဆိုတာလေးကို သတိပြုမိဖို့ပါ။ ဦးချမ်းသာ အမည်နဲ့ စားစရာမရှိ ဖြစ်နေသူတွေ တွေ့ရတတ်သလို၊ ဒေါ်ကြာလှ နာမည်နဲ့ အကျည်းတန်တန် အမျိုးသမီးကြီးများလည်း ရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးဆိုသော အမည်သည် အမည်သက်သက်ဖြစ်၍ အရေးမကြီးပါ။ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လမ်းညွှန်ထားခြင်း ရှိမရှိသာ လိုရင်းဖြစ်ပါသည်။



သို့သော် အဓိပ္ပာယ် သတ်မှတ်ချက် သက်သက်ကိုပဲ ကိုဌေးလွင်ဦး ပြောတာကို စိတ်မချလို့ (ငြိမ်းချမ်းရေး ဆိုသော စကားလုံးကိုကား အထူးပြောစရာမရှိပါ။ သို့သော် သန္တိသုခဟူသော အသုံးအနှုံးမှာ ဗုဒ္ဓဘာသာဝင်တို့၏ သည်းချေကြိုက်ဖြစ်နေသောကြောင့် သေခြာတီထွင် ထည့်လိုက်လေသလား ဟု သံသယဖြစ်လို့) လက်လှမ်းမီသမျှ ရှာဖွေလေ့လာကြည့်မိပါသည်။



ရတနာသုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း စာအုပ်မှာ ဆရာဦးဆန်းလွင် (ဆရာတော် အရှင်အာဒိစ္စရံသီ)က သူ့ရဲ့ လက်ဦးဆရာ ဦးဖိုးညွန့်ကို ကိုးကားရေးသားထားတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။



အစ္စလာမ်ရဲ့ အဓိပ္ပာယ်ရင်းက ဘာလဲဆရာကြီး



အစ္စလာမ်ရဲ့ အဓိပ္ပာယ်ကတော့ ထာဝရ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းခြင်း၊ နာခံခြင်း အနက်ရတယ်။ ( စာမျက်နှာ ၂၈-၂၉)



အွန်လိုင်း အဘိဓာန်တစ်ခု ဖြစ်တဲ့ http://dictionary.reference.com/ မှာလေ့လာကြည့်တော့လည်း အောက်ပါအတိုင်း တွေ့ရတယ်။
Is⋅lam
–noun

1.the religious faith of Muslims, based on the words and religious system founded by the prophet Muhammad and taught by the Koran, the basic principle of which is absolute submission to a unique and personal god, Allah.



အဓိပ္ပာယ်ချင်းက ထပ်တူထပ်မျှလောက်တူနေတာ တွေ့ရတယ်။ အလ္လာအရှင်မြတ်ကို နာခံနေရခြင်းက ငြိမ်းချမ်းရေးပဲ လို့ဆိုချင်ရင်တော့ မြန်မာလို ပြန်တဲ့နေရာမှာ ငြိမ်းချမ်းရေးကို ထည့်ပြန်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နားလည်ထားတဲ့ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းခြင်း သန္တိသုခနဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးလို့ မြင်ပါတယ်။ ကျွန်တော် လေ့လာတာ မနှံ့စပ်လို့လည်း ဖြစ်ချင်ဖြစ်ပါလိမ္မယ်။ ဒါလည်း ကိုဌေးလွင်ဦး တီထွင်သုံးစွဲတာလို့တော့ တပ်အပ် မစွပ်စွဲနိုင်ပါဘူး။ ရှေးဆရာအချို့ ရေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရှေးမြန်မာ အစ္စလာမ်ဘာသာဝင် ပညာရှိကြီးဖြစ်တဲ့ ဦးနုရဲ့ ရေးသားချက်အချို့အပေါ်မှာကိုးပဲ ကျွန်တော့်အနေနဲ့ ရိုးသားမှုရှိရဲ့လားဆိုတာ စီစစ်ဖို့ များစွာရှိသေးပါတယ်။



နေက်တစ်ချက်က

ထို့ကြောင့် အစ္စလာမ်ဘာသာမှ သွန်သင်သော ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ လူ့အခွင့်အရေး လူ့သမိုင်းရေးရာများကို အစွဲကင်းစွာဖြင့် လေ့လာသင့်ပေသည်။-



လို့ဆိုထားတော့ အစ္စလာမ်ဘာသာကနေ သွန်သင်ပေးတဲ့ ကဏ္ဍကတော်တော်လေး စုံလင်သွားတယ်။ ကိုဌေးလွင်ဦး စိတ်ထဲမှာတော့ နောက်ထပ်တောင် ပြောပြချင်တဲ့ ကဏ္ဍတွေတောင် အများကြီးကျန်နေဦးမလား မသိဘူး။ ဒီကိစ္စလည်း အငြင်းပွားမလို့ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာက ဒါတွေ သင်မပေးနိုင်ပါဘူးကွာလို့ ကျွန်တော် မပြောရဲပါဘူး။ ကိုဌေးလွင်ဦး ပြောသွားတာနဲ့ ဘလော့ဂ်မှာ ဖတ်ရတဲ့ ပို့စ်တွေ မဟပ်မိတာလေး ပြောချင်လို့ပါ။



အမှန်တကယ်ပဲ စာဖတ်သူအတွက် အကျိုးကျေးဇူးရှိနိုင်တဲ့ ကဏ္ဍပေါင်းစုံ သွင်သင်ချက်တွေ ရှိရင် ဘလော့ဂ်မှာ တင်ပြပေးပါ။ စာဖတ်သူတွေ အနေနဲ့ကတော့ ဝမ်းမြောက်ဝမ်းသာ ဖတ်မှတ်ပြီး သာဓုခေါ်သွားဖို့ပဲရှိပါတယ်။



ကိုဌေးလွင်ဦးရဲ့ ဘလော့ဂ်ကို ဖတ်ကြည့်တော့ ပိဋကတ်တော်ထဲက မဟာသမ္မတမင်းကို ကုရ်အာန်ကျမ်းထဲက အာဒံ နဲ့ နှိုင်ယှဉ် (နောက်လည်း အခြားဝတ္ထုကြောင်း ဆင်တူရာ ပိဋကတ်တော်လာ ပုဂ္ဂိုလ်တွေကို ကုရ်အာန်ကျမ်းလာ ပုဂ္ဂိုလ်တွေနဲ့ နှိုင်းယှဉ်) ပြီး ဗုဒ္ဓသာသနာနဲ့ အစ္စလာမ်သာသနာကို တစ်ထပ်တည်း ဆိုင်းဘုတ်တင်ဖို့ ကြိုးစားနေသလား ထင်ရလောက်အောင် ဇာတ်ကွက်တွေဆင် ပို့စ်တွေ တင်ထားတာတွေ့ရတယ်။ ဘာနိုင်ငံရေး၊ ဘာလူမှုရေး၊ ဘာလှုအခွင့်အရေးမှ မတွေ့ရပါဘူး။



အဲဒီတော့ ကိုဌေးလွင်ဦးအဖြစ်က ဘာနဲ့ တူသလဲဆိုရင် ရူပ၊ ဓာတု၊ ဘောဂ၊ နိုင်ငံရေးသိပ္ပံ ဆိုတာတွေကို ဘာတစ်လုံးမှ နားမလည်ဘဲနဲ့ ငါ့အဖေကတော့ အဲဒီကဏ္ဍတွေမှာ ပါရဂူမြောက် ကျွမ်းကျင်သူကြီး ဖြစ်တယ်ဟေ့လို့ ပြောဆိုနေတဲ့ ကလေးငယ်လေးလို ဖြစ်နေပါတယ်။ အပြောအဆိုမတတ်ရင် ဖခင်ပါ သိပ်ခါကျသွားနိုင်တာဖြစ်လို့ သတိထားသင့်ပါတယ်။



၂) ကျမ်းမြတ်ကုရ်အံ မိတ်ဆက်ပို့စ်အတွက် အကြံပြုခြင်း



ကိုဌေးလွင်ဦးလို ဘာသာပေါင်းစုံက ကျမ်းရင်းတွေကို ဖတ်ပြီး စုံအောင်လေ့လာနေတဲ့ ခေတ်ပညာတတ် တစ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာ စာပေက ကာလာမသုတ္တန်ကို ဖတ်ဖူးမှာပဲလို့ ကျွန်တော်ယုံကြည်ထားပါတယ်။ အရေးကြီးတဲ့ အပိုင်းနဲ့ အရေးမကြီးတဲ့ အပိုင်းကို ကျွန်တော်နားလည် သလို ခွဲခြားပြချင်ပါတယ်။ ကာလာမသုတ္တန်ကို အနည်းငယ် အကျယ်ချဲ့ပြီးတွေးကြည့်ပါ့မယ်။ အချက်အလက် စုံသွားအောင် ဘန်နာကစကားလေးပါ မကျန်ခဲ့ရအောင် ဆွေးနွေး အကြံပြုပါ့မယ်။



၁/ ဝါဒတစ်ခုကို အမည်နာမ၏ လှပခြင်းကြောင့်လည်းကောင်း၊ အမည်နာမ၏ အကျည်းတန်ခြင်းကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၂/ ဝါဒတစ်ခု၏ ကျမ်းဂန်သည် တစ်ဆင့်ပြောစကားဖြင့် ရေးသားထားခြင်းကြောင့်လည်းကောင်း၊ တိုက်ရိုက်ပြောစကားဖြင့် ရေးသားထားခြင်းကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၃/ ဝါဒတစ်ခု၏ ကျမ်းဂန်သည် ယနေ့ခေတ်သုံး ဘာသာစကားဖြင့် ရေးသားထားသောကြောင့်လည်းကောင်း၊ ရှေးခေတ်သုံး ဘာသာစကားဖြင့် ရေးသားထားသောကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၎/ ဝါဒတစ်ခု၏ ကျမ်းဂန်သည် ကုလနှင့် နိုင်ငံအများစုက သတ်မှတ်ထားသော ရုံးသုံးဘာသာစကားဖြင့် တည်ရှိနေသောကြောင့်လည်းကောင်း၊ အခြားဘာသာစကားဖြင့် တည်ရှိနေသောကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၅/ ဝါဒတစ်ခု၏ ကျမ်းဂန်ကို အလွတ်ရသူအရေအတွက်၏ များခြင်းကြောင့်လည်းကောင်း၊ နည်းခြင်းကြောင်းလည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၆/ ဝါဒတစ်ခု၏ကျမ်းဂန်သည် မူရင်းမပျက် တည်ရှိနေခြင်းအပေါ် အငြင်းပွားဖွယ် မရှိခြင်းကြောင့်လည်းကောင်း၊ အငြင်းပွားဖွယ် ရှိခြင်းကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။

၇/ ဝါဒတစ်ခု၏ကျမ်းဂန်သည် ဘာသာစကားမျိုးစုံသို့ ပြန်ဆိုထားပြီးဖြစ်သောကြောင့်လည်းကောင်း၊ မပြန်ဆိုရသေးသောကြောင့်လည်းကောင်း ယင်းဝါဒကို မှန်၏(သို့မဟုတ်) မှား၏- ဟု အဆောတလျှင် မဆုံးဖြတ်လိုက်ပါနဲ့ဦး။



ဝါဒတစ်ခုမှလာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ဒုက္ခရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ယင်းဝါဒကို စွန့်လွှတ်သင့်ပါသည်။



ဝါဒတစ်ခုမှလာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တိုမှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်းကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ယင်းဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။



ကိုဌေးလွင်ဦးပြောခဲ့တဲ့ အချက်တွေကို ငြင်းဖို့စိတ်မကူးပါ။ ဟုတ်ပါလိမ္မည်။ ကျမ်းမြတ်ကုရ်အာန်၏ ဂုဏ်ပုဒ်များဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။ သို့သော် ထိုဂုဏ်ပုဒ်များနှင့် ပြည့်စုံခြင်း/မပြည့်စုံခြင်းက ထိုကျမ်းဂန်ကို လက်ခံနိုင်ရန်၊ ငြင်းပါယ်ဖို့ရန် လုံလောက်သော အကြောင်းပြချက်များ မဟုတ်သေးကြောင်းကိုတော့ ကိုဌေးလွင်ဦး လက်ခံနိုင်လိမ္မည်ထင်ပါသည်။



ဖော်ပြပါ အကြောင်းအချက်များကို ပြောပြပြီး အတွေးအခေါ်အားနည်းသော လူများ (အထူးသဖြင့် ကလေးသူငယ်များ) ကို ကြည်နူးမှု တစ်စုံတစ်ရာဖြစ်စေကာ စည်းရုံးသိမ်းသွင်းမည် ဆိုပါက ထိရောက်မှုရှိနိုင်ပါသည်။ ၄င်းအချက်များနှင့် အလားတူသော အချက်များမှာ အခြားအယူဝါဒများတွင်လည်း အနည်းနှင့် အများသာကွာမည်။ ရှိတော့ ရှိကြပါလိမ္မည်။ ဤနည်းဖြင့် စည်းရုံးခြင်းမှာ လူ၏စဉ်းစားဆင်ခြင်ဉာဏ်ကို ဦးစားမပေးသော မှိုင်းသွင်းသည့် နည်းသက်သက်ဖြစ်သောကြောင့် လွတ်လပ်သော အတွေးအခေါ်ရှိသူဖြစ်လျှင် မလုပ်သင့်ကြောင်း အကြံပြုပါရစေ။



လေးစားစွာဖြင့်

ရွက်ဝါ



ကိုဌေးလွင်ဦးသို့ ပေးစာ (၂)



ကိုဌေးလွင်ဦး ထောက်ပြထားးတဲ့ ဘာသာစကား၏ တွင်ကျယ်မှု ရှိခြင်း/မရှိခြင်း၊ လက်ခံသူလူအရေအတွက်၏ နည်းခြင်း/များခြင်း စတဲ့ အချက်တွေ၊ အချက်တွေကို ကြည့်ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာပိဋကတ်တော်ဟာ၊ အစ္စလာမ်တို့ရဲ့ ကျမ်းမြတ်ကုရ်အာန်နဲ့ နှိုင်းစာရင် အလွန်တရာ ဂုဏ်နိမ်သလိုဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့လည်း ငြင်းချက်မထုတ် နိုင်လို့ ကုရ်အာန်က အဲဒီဂုဏ်ပုဒ်တွေမှာ သာလွန်ကြောင်း လက်ခံခဲ့ရတယ်။ ဝန်ခံပြီးတဲ့နောက် ကျွန်တော်က အဲဒါတွေကို အကာတွေသာဖြစ်တယ်။ အနှစ်သာရပိုင်း မဟုတ်သေးဘူးဆိုပြီး ကာလာမသုတ္တန်ကို ကိုးကားကာ စကားတစ်ခွန်းတည်းနဲ့ အားလုံးကို ပါယ်ချလိုက်တယ်။ အခြားလူရဲ့ ဆွေးနွေးချက်တွေကို အကာသက်သက်ဖြစ်တယ် လို့ပြောပြီး ကိုယ်ကလည်း အနှစ်ကို မတင်ပြခဲ့ရင် ကျွန်တော်ဟာ အပြောသမား ဖြစ်နေမယ်။ အဲဒီတော့ ကျွန်တော်အနေနဲ့ အတိုင်းအတာတစ်ခု လူ့ဘောင်လောကအတွက် အရေးပါလှတယ် ထင်တဲ့ အချက်တစ်ခုကို ဥပမာတင်ပြီး ကျမ်းမြတ်(၂) ခုတို့ရဲ့ အဆုံးအမတွေကို နှိုင်းယှဉ်ပြပါ့မယ်။



ကျွန်တော်အနေနဲ့ ဥပမာအဖြစ်ထားမယ့် ပြဿနာကတော့ အိမ်ထောင်ရှိသော အမျိုးသမီးတစ်ယောက်ရဲ့ လွဲမှားစွာကျင့်သော ကာမအမှုပါ။ မြန်မာလိုပြောရရှင်းရှင်းပြောရရင် အိမ်ထောင်ရှင် မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်သောအကျင့်ပေါ့။ ဒီအကျင့်ကလည်း လူမျိုး၊ ဓလေ့၊ ကိုးကွယ်သည့်ဘာသာတွေ မတူကြတဲ့ နေရာတိုင်းမှာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် အစိုးရတိုင်းကလည်း ဖြေရှင်းဖို့နည်းလမ်းတွေ၊ ဥပဒေတွေ ပြဌာန်းထားကြပါတယ်။ ဘာသာရေးစာပေတွေနဲ့ ဓလေ့ထုံးစံတွေကလည်း သူ့နည်းသူ့ဟန်နဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ထားကြပါတယ်။



အခုကျွန်တော်ပြောချင်တာက ဗုဒ္ဓဘာသာစာပေကပေးတဲ့ လမ်းညွှန်လေးပါ။

သိင်္ဂါလသုတ်၊ သိင်္ဂါလောဝါဒသုတ် လို့ဆိုရင် သိသူများပါတယ်။ သိင်္ဂါလ လုင်ကို ဗုဒ္ဓကပေးခဲ့တဲ့ သြဝါဒ စကားတွေပါ။ အဲဒီသုတ္တန်လာ အဆုံးအမတစ်ချို့ကို မြန်မာပြည်မှာတော့ မိဘဝတ်၊ သားသမီဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် စသည်အားဖြင့် လူမှုကျင့်ဝတ်တွေ အနေနဲ့ ကဗျာလေးတွေနဲ့ လေ့လာကြရပါတယ်။ တကယ်တော့ သုတ္တန်ထဲမှာ အခြားအဆုံအမတွေလည်း ပါပါတယ်။ အပြည့်အစုံဖတ်ချင်ရင်တော့ ပိဋကတ်တော်မှာ ဖတ်ရပါ့မယ်။ အတိုင်းအတာတစ်ခု ပြည့်စုံတဲ့ ပိုစ်တစ်ခုကတော့ ဒီနေရာမှာ http://yatimyanmar.co.cc/?p=165 ဖတ်နိုင်ပါတယ်။



ကျမ်းဂန်ကို သေခြာမလေ့လာဘဲ ကဗျာလေးသက်သက်ဖတ်ကြည့်ရင်တော့ သာမန်အတွေးနဲ့ သားသမီးနေရာကနေပြီး မိဘကိုကြည့်မယ်၊ သူကမှ မိဘဝတ္တရားမကျေတာ ငါကလည်း ဘာလို့ သားသမီးဝတ္တရား ထမ်းဆောင်ဖို့လိုသေးလဲ၊ လင်ယောက်ျားနေရာက မိန်းမကို ကြည့်မယ်၊ သူကမှ မိန်မဝတ္တရားမကျေပွန်တာ ငါက ဘာလို့ လင့်ဝတ္တရားကျေပွန်ရမှာလဲ လို့ တွေးချင်စရာကြီးပါ။ ဒါပေမဲ့ ဘုရားက အဲဒီလို လုံးဝလမ်းမ ညွှန်ခဲ့ပါဘူး။ အဲဒီလိုလမ်းမညွှန်ခဲ့ကြောင်း သေခြာတာက သုတ္တန်ရဲ့ အစပိုင်းမှာ ပါနေပါတယ်။ သေသေခြာခြာမတွေးရင်တော့ ဒါဟာ သုတ္တန်ဒေသနာဖြစ်တယ်၊ ပညတ်ပိုင်းဖြစ်တယ်၊ လူ့ကျင့်ဝတ် လမ်းညွှန်လောက်သာဖြစ်တယ် လို့ ထင်သွားပါလိမ္မယ်။ ဒါပေမယ့် အစပိုင်းမှာပါတဲ့ အဂတိသို့လိုက်ခြင်း အကြောင်းလေးပါးအပိုင်းကို နက်နက်နဲနဲတွေးကြည့်ရင် အလွန်မြင့်မားတဲ့ လောကအဘိဓမ္မာတွေ ပါနေတယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ အဲဒီနောက်နားမှာ ဆက်ဟောထားတဲ့ ပျက်စီးခြင်းအကြောင်းတွေ မိတ်ဆွေတု၊ မိဆွေစစ် အင်္ဂါတွေ ဟာလည်း ဘယ်လိုမှ ငြင်းမရတဲ့ အမှန်တရားတွေဖြစ်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ထားတယ်။ ကိုဌေးလွင်ဦးလည်း ဖတ်ပြီး မှတ်သားပြီးဖြစ်ပါလိမ္မယ်။



အဲဒီသုတ္တန်ထဲက အဂတိသို့လိုက်မိခြင်း အကြောင်းတရားလေးပါး အပိုင်းကို ကူးယူဖော်ပြပေးလိုက်ပါတယ်။



မကောင်းမှုကိုပြုမိခြင်း၏ အကြောင်းအရင်း လေးပါး

၂၄၆။ အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို ပြုသနည်း။

ဆန္ဒာဂတိ ‘ချစ်သဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကို ပြု၏၊

ဒေါသာဂတိ ‘မုန်းသဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကိုပြု၏၊

မောဟာဂတိ ‘မသိသဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကိုပြု၏၊

ဘယာဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည်’ သို့လိုက်၍ မကောင်းမှုကိုပြု၏။



သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝကသည် အကြင့်ကြောင့် ဆန္ဒာဂတိသို့မလိုက်၊ ဒေါသာဂတိသို့မလိုက်၊ မောဟာဂတိသို့ မလိုက်၊ ဘယာဂတိသို့မလိုက်။ ထို့ကြောင့် ဤလေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုရာဟု ဤစကားကို မြတ်စွာဘုရား မိန့်တော်မူ၏။



ကောင်းသော စကားကို ဆိုတော်မှုတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏-



“သူကြွယ်သား အကြင်သူသည် ချစ်ခြင်းကြောင်းလည်းကောင်း၊ မုန်းခြင်းကြောင်းလည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ တရားကိုလွန်၍ ကျင့်၏။ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ် ပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။



အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင်းလည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကိုလွန်ကျူး၍ မကျင့်၊ ထိုသူ၏ အခြံအရံအကျော်အစောသည် လဆန်းပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ပြည့်စုံ၏” ဟု (မိန့်တော်မူ၏)။ ( သုတ္တန်ပိဋကတ်၊ ပါထိကဝဂ်ပါဠိတော်၊ ၈-သိင်္ဂါလသုတ်၊ အကြောင်းလေးပါး။)



အခုဖော်ပြတဲ့ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်မှုမှာ အပြစ်တင်စရာ ငါသူတပါးယောကျာ်းမိန်းမ မရှိတော့ဘူး။ အခြားသော ယောက်ျားအပေါ်မှာ ချစ်မိတဲ့ ရာဂဆန္ဒကြောင့်လည်း ဖြစ်နိုင်တယ်။ မိမိယောက်ျားအပေါ် မလိုမုန်းထားတဲ့ ဒေါသ ကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်ပြုတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်က အပြစ်ရှိမှန်း မသိတဲ့မောဟ ကြောင့်လည်းဖြစ်နိုင်တယ်။ ဘဝနဲ့ ယှဉ်ပြီးအရေးကြီးတဲ့ အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာမှာ ကြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ အပြစ်တင်စရာ တရားခံအစစ်ကို ရှာမယ်ဆိုရင် မိန်းမရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့၊ ရာဂ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတို့သာလျှင်ဖြစ်တယ်။ တနည်းစဉ်းစားရင် ဒီလိုပြဿနာမျိုးပေါ်လာရတာဟာ ယောက်ျားရဲ့ တာဝန်ပျက်ကွက်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။



အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရတဲ့ လင်ယောက်ျားအနေနဲ့ မိန်းမအပေါ်မှာ ဒီသုတ္တန်လာ မိတ်ဆွေတု မိတ်ဆွေစစ် အင်္ဂါတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး မပြတ်စဲသင့်ဘူးထင်ရင် သူ့ရင်ထဲက ကိလေသာတွေ ပါးသွားအောင် ဆေးကြောပေးရမယ်၊ စောင့်ရှောက်ပေးရမယ်၊ သင်ပြပေးရမယ်။ မိတ်ဆွေတုလို့ အသေအခြာ သတ်မှတ်နိုင်လောက်ရင်လည်း ကင်းကင်းရှင်းရှင်းနေလိုက်ဖို့သာရှိတယ်။



ဒီသုတ္တန်ကိုလေ့လာကြည့်ရင် ဗုဒ္ဓဟာ ဖောက်ပြန်သူ မိန်းမသားကို တုတ်၊ ဓား၊ ခဲလက်နက်တို့နှင့် ပစ်ပေါက်ရန်၊ အသေသတ်ရန်၊ တစ်ဦးတည်း ပိတ်လှောင်ထားပြီး ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲအောင် နည်းမျိုးစုံနှိပ်စက်ရန်တွေကို ညွှန်ကြားဖို့ကို ဝေးစွ၊ ရုံးတို့ဂါတ်တို့ တိုင်တန်းဖို့တောင် လမ်းမညွှန်ခဲ့တာ ထင်ရှားပါတယ်။



ယခုဆက်လက်ပြီး ကျမ်းမြတ်ကုရ်အာန်က ပေးတဲ့လမ်းညွှန်လေးကို တင်ပြချင်ပါတယ်။ စူရဟ် အမှတ်(၄) အမျိုးသမီးများကဏ္ဍမှ စာ ၂-ပိုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။



၎း၁၅ ထို့ပြင်တဝ အသင်တို့၏ ဇနီးမိန်းမတို့ အနက်မှ အကြင်မိန်းမတို့သည် ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ကြပါလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများ အပေါ်၌ မိမိတို့အနက်မှ (ယောက်ျား) လေးယောက်ကတို့ကို သက်သေထားရှိကြလေကုန်။ အကယ်၍ ထိုသူလေးဦးတို့က (အမှန်အကန်) သက်သေခံခဲ့ကြပါမူ အသင်တို့သည် ယင်းမိန်းမတို့အား အိမ်များအတွင်း၌ ထိုသူမတို့ အသက်ဆုံးသည်တိုင်အောင်ဖြစ်စေ၊ သို့တည်းမဟုတ် အလ္လာအရှင်မြတ်သည် ထိုသူမတို့အဖို့ တစ်စုံတစ်ရာ နည်းလမ်းပြုလုပ်ပေးသည့်တိုင်အောင်ဖြစ်စေ၊ အကျဉ်းချထားကြလေကုန်။



၎း၁၆ ၄င်းပြင် အသင်တို့အနက်မှ အကြင်သူ နှစ်ဦးတို့သည် ယင်း ကာမေသုမိစ္ဆာစာရကံကျူးလွန်ကြပါမူ အသင်တို့သည် ထိုသူနှစ်ဦးကို ဒုက္ခပေးကြလေကုန်။ တဖန် အကယ်၍ ထိုသူတို့ နှစ်ဦးသည် (နောင်တ တရားရရှိကာ မိမိတို့အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခြင်းငှာ) ဝန်ချတောင်းပန်ကြ၍ (မိမိကိုယ်ကို) ပြုပြင်သွားခဲ့ကြပါမူ အသင်တို့သည် ယင်းသူတို့ နှစ်ဦး(အားဒုက္ခပေးခြင်း)မှ ရှောင်ရှားကြလေကုန်။ ဧကန်စင်စစ် အလ္လာအရှင်မြတ်သည် (ဝန်ချတောင်းပန်သူများဖက်သို့) အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်၊ အလွန်သနားညှာတာတော်မူသော အရှင်မြတ်ပင်ဖြစ် တော်မူလေသတည်း။



ထိုလမ်းညွှန်ချက်နှင့် ပတ်သက်၍ ကိုဌေးလွင်ဦး ဘာသာရေးအစွဲကင်းကင်းနဲ့ ဥပဒေရှုထောင့်၊ လူ့အခွင့်ရေးရှုထောင့်တို့ကနေ ဝေဖန်ကြည့်ပါဦး။ ကျွန်တော်ဖတ်မိသလောက်တော့ အကျိုးအကြောင်း စုံအောင် မသုံးသတ်၊ ပြဿနာစတင်ရာ အကြောင်းရင်းကို မဖော်ထုတ်၊ အကျိုးဆက်သက်သက်ကိုသာ အကြမ်းနည်းနဲ့ နှိပ်ကွပ်ခြင်း ဖြစ်တယ်လို့ သုံးသတ်မိပါတယ်။ ကျွန်တော်အနေနဲ့ ဗုဒ္ဓဘာသာမိသားစုမှာ ဖွားလို့၊ ကျမ်းမြတ်ကုရ်အာန်အပေါ် မွေးရာပါသဒ္ဓါစိတ်မရှိလို့ ကောင်းကွက် ရှာမတွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ကိုဌေးလွင်ဦးရှာတွေ့ခဲ့ရင် တင်ပြပေးပါဦး။



ကျမ်းမြတ်(၂)ခုတို့ရဲ့ ပြဿနာတစ်ခုတည်းအပေါ် ချည်းကပ်ပုံနည်းလမ်း လမ်းညွှန်ချက်တွေကို နှိုင်းယှဉ်ကြည့်ပါဦး။ ဗုဒ္ဓ၏ လမ်းညွှန်ချက်ကတော့ သူ့အသက်ကို သတ်မိခြင်း၊ အစရှိတဲ့ အပြစ်တို့မှ ဝေးစေပြီး ငြိမ်းချမ်းခြင်းဆီကို ဦးတည်နေတယ်၊ ပြဿနာ၏ တရားလို၊ တရားခံများသာမက မိဘအသိုင်းအဝိုင်း ချစ်ခင်ကြင်နာကြသူ မိတ်သင်္ဂဟ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ စိတ်ချမ်းသာစေမှု အကျိုးကိုဆောင်တယ်လို့ မြင်မိပါတယ်။ ပညာရှိတို့ ချီးမွှမ်းအပ်သည်လည်း ဖြစ်ပါလိမ္မယ်။



ကိုဌေးလွင်ဦးအနေနှင့် အမည်နာမက စလို့ ဘာသာစကားအပါအဝင် အကာသဘောအားဖြင့် ငြိမ်းချမ်းရေးအသွင်ကို ဖော်ပြခဲ့လို့ ကျွန်တော်အနေနှင့်လည်း တတ်နိုင်သမျှ အနှစ်ဘက်လည်း ကျရောက်အောင် ဗုဒ္ဓဝါဒဟာလည်း ပုဂ္ဂိုလ်မြတ်တစ်ယောက် အမည်ခံ ရှေးဟောင်းဝါဒဖြစ်ပေမယ့် အထင်သေးလို့ မရကြောင်းကို တင်ပြလိုက်ပါတယ်။ တကယ်တော့ ဗုဒ္ဓဝါဒရဲ့ ခက်ခဲနက်နဲတဲ့ အဘိဓမ္မာ ပိုင်းတွေကို တင်ပြချင်ပါတယ်။ ကျွန်တော့် အရည်အချင်နဲ့ မနိုင်မနင်းဖြစ်မှာ စိုးတာက တစ်ကြောင်း ကုရ်အာန်နဲ့ နှိုင်းယှဉ်ဖို့ ဘုံဖြစ်တဲ့ ပြဿနာ ရှာဖွေရခက်ခဲတာ တစ်ကြောင်းကြောင့် ဖော်ပြပါသုတ္တန်နဲပဲ ကျေနပ်လိုက်ရပါတယ်။ ဒီနေရာမှာတင်ပဲ ဒုတိယ ပေးစာကို အဆုံးသတ်ရင်း ကျမ်းမြတ်ကုရ်အံ မိတ်ဆက်ပို့စ် အတွက် အကြံပြုချင်းကို နိဂုံးချုပ်လိုက်ပါပြီ။



အခြားပို့စ်တွေအတွက်တော့ နောက်မှ ဆက်ရေးပါဦးမယ်။



လေးစားစွာဖြင့်

ရွက်ဝါ

Senior General Than Shwe said...

မွတ်စလိမ်များအတွက်
http://www.youtube.com/watch?v=6-DA4WmfFWI&feature=related

ကျားလိမ္မာ said...

about me ရဲ့နောက်ဆုံးမှာ ရေးထားတာက ဓမ္မမိတ်ဆွေများအား လေးစားလျက်တဲ့ ကိုဌေးလွင်ဦး ဓမ္မဆိုတာ ပါဠိစကားပါ ခင်ဗျားတို့ ဘာသာနဲ့ နည်းနည်းမှ မအပ်စပ်ဘူး...။ စကားခိုးသုံးတာလည်း သူခိုးပါပဲ...။
ကျနော်က လူပြိန်းတစ်ယောက်ဆိုတော့လဲ လူပြိန်းမေးခွန်းတွေနည်းနည်း လောက်မေးကြည့် ချင်တယ်...။
1. မွတ်ဆလင်တွေ ဘာဖြစ်လို့ ဦးထုပ်ဆောင်း ရသလဲ (ကိုယ့်လခွံကို ပြန်ဆောင်းတာ ဟုတ်ပါသလား...?)
2.မိုဟာမက်က ၅ နှစ်အရွယ်သမီးကို မုဒိမ်းကျင့်တာ ဟုတ်ပါသလား...။
3.ကုရ်အံကျမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် လူကို သတ်ဖို့ ညွှန်ကြားထားတာ အချက်ပေါင်း ၁၀၀ ကျော်ရှိတယ်ဆိုတာ မှန်ပါသလား?(မမှန်ရင် ဘယ်နှချက်ရှိသလဲ...)
အထောက်အထားနဲ့ ဖြေစေချင်တယ်... ရွှေစစ်ရင် မှတ်ကျောက်တင်ခံနိုင်ရမယ်...။ ဒီမေးခွန်းတွေက ဖော်ဝပ်မေလ်းကနေ ရလာတဲ့ စာကို ဖတ်ပြီးမေးချင်စိတ်ပေါ်လာလို့ မေးလိုက်တာပါ...။

ရှေးမြန်မာ said...

အစ္စလာမ်ဘာသာမှ သွန်သင်သော ဘာသာရေး၊လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စီပွားရေး၊ တရားစီရင်ရေး၊ လူ့အခွင့်အရေးနှင့် လူ့သမိုင်းရေးရာများကို အစွဲကင်းစွာ ဖြင့် လေ့လာလိုပါတယ် ။ ဒါပေသိ ကိုဌေးလှိုင်ဝင်းကိုယ်တိုင် အစွဲကင်းကင်း ၊ ဘက်လိုက်မှုကင်းကင်း နှင့်ရေးဖို့လိုပါတယ်။ တည့်တည့်ပြောရရင် ငါစွဲ (ငါ့ဘာသာ ၊ ငါ့လူမျိုး ) ကင်းကင်း ဖြစ်စေချင်ပါတယ်။

မကြာခဏဆိုသလို အခြားဘာသာဝင်တွေ ရဲ့အထွက်အမြတ်ထားရာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ တွေကို ထည့်သွင်းရေးသားတဲ့ အသုံး ၊ စကားလုံးတွေကိုတွေ့ရတဲ့အခါ အခြားယုံကြည်ကိုးကွယ်မှု တွေကို သိမ်လိုစေတဲ့ ရည်ရွယ်ချက် ကိုဌေးလှိုင်ဝင်း မှာရှိနေတယ်လို့ထင်ပါတယ်။

Anonymous said...

အင်း ကိုဌေးလွင်ဦးရေ...
တခြားဘာသာတရားရဲ့ အယူအဆကို အပြည့်အစုံသိဖို့က သိပ်မလွယ်ဘူးနော်.. သတိထားပီ ရေးစေလိုပါတယ်..
ကျွန်တော်ထင်တယ်.. ကိုဌေးလွင်ဦးအနေနဲ့ ဗုဒ္ဓရဲ့ တရားဦးဖြစ်တဲ့ ဓမ္မစကြာတရားတစ်ပုဒ်ကိုတောင် လေ့လာမယ်ဆိုရင် အချိန်တော်တော်ပေးရလိမ့်မယ်.. ကိုဌေးလွင်အနေနဲ့ မိမိဘာသာကို ရေးချင်ရာရေးပါ.. သူများဘာသာနဲ့ နှိုင်းယှဉ်ပီ ရေးတာကိုတော့ ရှောင်စေချင်ပါတယ်...

ကိုလူချော said...

သစ္စာတရားကို တန်ဖိုထားတယ်ဆိုတာ လူတွေက လွယ်လွယ်ပြောနေကြတာပါ... တကယ်တမ်း ကိုယ်လက်ခံထားတဲ့ သစ္စာတရားဟာ သစ္စာတရားယောင်ယောင် ဖြစ်နေတာကို မြင်တတ်သူ ရှားလှပါတယ်...။

ကျနော်ကတော့ တခြားဘာသာတွေကို ဝေဖန်ဖို့စိတ်မဝင်စားဘူး...ကိုယ့်ဘာသာကို လာပြီးဝေဖန်လို့လည်း ရင်မခုန်တတ်ဘူး... အကြောင်းကတော့... ကျနော်က ကိုယ့်ဘာသာမှန်ကန်ကြောင်းကို နှလုံးသားထဲကနေ စွဲစွဲနစ်နစ် ယုံကြည်ထားတယ်... အမှန်ကန်ဆုံးသာသနာဟာ အဝေဖန် အခံရဆုံးပါပဲ... သစ်ပင်တစ်ပင်ဟာ မြင့်လေလေ လေဒဏ်ခံရလေလေပါပဲ... ဒါပေမယ့် လဒ ဆုတောင်းတိုင်း ကျားမသေသလို ခွေးဟောင်တိုင်းလည်း လရောင်မှိန် မသွားပါဘူး...။

အခုကျနော် ကိုယ့်ဘာသာဝင်အချင်းချင်းပဲ ပြန်ပြီး ဝေဖန်လိုက်ပါ့မယ်...
ဒီမှာ ကိုဌေးလွင်ဦး! နေရာတကာ သမိုင်း သမိုင်းနဲ့ မလုပ်ပါနဲ့... ကုရ်အာန်ကိုလည်း သမိုင်းတွေနဲ့ လိုက်ညှိပြီး ကိုယ့်သဘောနဲ့ကိုယ် ထင်ရာစိုင်း မပြန်ပါနဲ့... ကိုဌေးလွင်ဦးက သမိုင်းကို အီမာန်ယူထားတာလား... အလ္လာဟ်နဲ့ရစူလ်(ဆွ)ကို အီမာန်ယူထားတာလား???


ကုရ်အာန်က အလ္လာဟ်နဲ့ရစူလ်(ဆွ)ရဲ့အမိန့်တော်တွေကို တသွေမတိမ်း နာခံဖို့ပဲပြောထားတယ်... ကုရ်အာန်ကို လက်ခံပါ ခိုင်မာတဲ့ ဟဒီးစ်တော်တွေကိုလက်ခံပါ... သမိုင်းကို သမိုင်းလို့ပဲ သဘောထားပါ... အလ္လာဟ်အသျှင် ချီးမြှင့်ထားတဲ့ အသိဉာဏ်ကို အလွဲသုံးစား မလုပ်ပါနဲ့... ကိုယ်လုပ်သမျှလုပ်ရပ်တွေအားလုံးနဲ့ပတ်သက်ပြီး စစ်ကြောခြင်းခံရမယ်ဆိုတာကို မမေ့လိုက်ပါနဲ့... ကိုယ့်ကြောင့်လူတွေ မှားယွင်းတဲ့အတွေးအခေါ်တွေဝင်သွားရင် အဲဒီအမှားတွေအားလုံးရဲ့ တာဝန်ခံဟာ ကိုယ်ပဲဖြစ်တယ်ဆိုတာလည်း မမေ့လိုက်ပါနဲ့... ကိုယ်ဘယ်နေ့သေမလဲ အဲဒီနေ့သိရမှာပဲ... နောင်တဆိုတာကတော့ နောင်မှ တတဲ့သူ အတွက်ပါပဲ...ခေတ်ဆိုတာကို လိုသည်ထက်ပိုပြီး အာရုံမထားမိပါစေနဲ့... အလ္လာဟ်နဲ့ရစူလ်(ဆွ)ကိုသာ အာရုံထားပါ...။

ကိုလူချော said...

လူတွေက ဒဏ္ဍာရီဇာတ်ကောင်တွေလို့ပြောမှာကြောက်ပြီး ကုရ်အာန်ကို ပြင်ဖို့မကြိုးစားပါနဲ့... ကုရ်အာန်ကို ဝတ္ထုတစ်အုပ်လို မြင်တဲ့သူတွေက ဒဏ္ဍာရီဇာတ်ကောင်တွေလို့မြင်တာ မဆန်းပေမယ့်... ကုရ်အာန်ကို အလ္လာဟ်အသျှင်မြတ်ရဲ့ မုက္ခပါဌ်တော်အဖြစ် မြင်နိုင်စွမ်းရှိသူတွေက ဒဏ္ဍာရီဇာတ်ကောင်လို့မြင်တာကတော့ အလ္လာဟ်အသျှင်မြတ်ရဲ့ တန်ခိုးတော်အနန္တကို မယုံကြည်ရာကျတဲ့အတွက် အလွန်ပဲစိုးရိမ်ဖွယ်ကောင်းလှပါတယ်... ကျမ်းတော်ကိုတော့ယုံပြီး ကျမ်းတော်ကပြောတဲ့ အံ့ဖွယ်အဖြစ်တွေကို ပယ်ဖျက်ဖို့ကြိုးစားတာဟာ အသျှင့်အလိုတော်ကို လိုက်ရာမကျပဲ လူ့ဒိဌိများရဲ့အလိုကို လိုက်ရာကျနေပါတယ်... အလ္လာဟ်အသျှင်က လူသားတွေကိုသက်သေပြဖို့ရာ တမန်တော်တွေကို သူ့ခေတ်နဲ့သူ စွမ်းပကားတွေ ကိုယ်စီ ချီးမြှင့်တော်မူခဲ့တာပဲလေ... ဒါကို အဆန်းလုပ်ပြီး ခင်ဗျားက ကိုယ့်ထက်အဆပေါင်းများစွာ တွေးနိုင်ခေါ်နိုင် စဉ်းစားဆင်ခြင် သုံးသပ်နိုင်ပြီး ဟဒီးစ်တော်တွေရဲ့အကိုးအကားတွေနဲ့ ကုရ်အာန်ကို သစ္စာရှိစွာ ပြန်ဆိုခဲ့ကြတဲ့ ကုရ်အာန်သုတေသီကြီးတွေကို အာခံ စော်ကား... ဟဒီးတော်တွေကိုလည်း မရေရာဘူးဆိုပြီးငြင်း... ကုရ်အာန်ကိုလည်း ကိုယ့်ယူဆချက်တွေနဲ့ပြန်... အဲတော့ ခင်ဗျားပုံစံက ငါသာလျှင်တော်၏ ငါသာလျှင်တတ်၏ ငါသာလျှင်သစ္စာရှင်ဖြစ်၏ ငါ့အတွေးအခေါ်သာလျှင် ရေရာသေချာ၏ ငါ့ယူဆချက်သာလျှင် မှန်ကန်တိကျ၏ ငါ ငါ ငါနဲ့... ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ မသူတော်ဘဝ ရောက်နေတာကိုပါ မြင်နိုင်စွမ်းမရှိတော့ဘူးနော်... ပြီးတော့ခင်ဗျားက ဂေါတမနဲ့ ကိုယ်တော်မြတ်(ဆွ)နဲ့ကိုများ တန်းတူလုပ်ပြီး ယှဉ်ပြောထားသေးတယ်... ကိုယ်တော်မြတ်(ဆွ)က တမန်တော်တွေအားလုံးထဲမှာတောင် အလ္လာဟ်ရဲ့ချစ်ခြင်း အခံရဆုံးတမန်တော်ဆိုတာကို ခင်ဗျားမသိတာလား.. လက်မခံတာလား???ဂေါတမကိုသမိုင်းပညာရှင်တွေအကုန်လုံးက အိန္ဒိယက ကုလားတစ်ယောက်လို့ပဲသိကြတာ... ပြီးတော့ သူ့နယ်မှာ သူ့ကိုယုံကြည်တဲ့လူ ဘယ်နှရောက်ရှိလဲ??? သူ့ကို နဗီတစ်ယောက်အဖြစ် ယူဆရအောင် သူ့မှာ နဗီရဲ့လက္ခဏာ ဘာများရှိနေလို့လဲ??? ခင်ဗျားထက်ပိုပြီး သူနဲ့ခေတ်နီးခဲ့တဲ့ ပညာ့ရှင်ကြီးတွေတောင် သူ့ကို နဗီဖြစ်ပါတယ်လို့ ဘယ်သူပြောနိုင်ခဲ့လို့လဲ??? ခင်ဗျား ခေတ်နောက်သိပ်လိုက်မနေနဲ့နော်... အသစ်တွေထွင်ချင်မနေနဲ့... သစ်တိုင်းကောင်းတယ်များထင်နေလား??? တခြားကိစ္စမှာဆန်းသစ်လို့ လူအထင်ကြီးချင်ကြီးမယ်... သာသနာရေးမှာ မဆန်းသစ်ပါနဲ့ လူအထင်မကြီးတဲ့အပြင် ဘဝပါ ပျက်သွားနိုင်တယ်နော်... ခင်ဗျားကို ကြည့်ရတာ အပြစ်ဖြစ်မှာလည်း ကြောက်ပုံမပေါ်ပါဘူး... ကျနော့်အထင်ပြောရရင်...ခင်ဗျားမှာ ကြားဝင်အသနားခံပေးမယ့် ကယ်တင်ရှင်တွေဘာတွေများ ရှိနေလားမသိဘူး... ကျနော်တို့ကတော့ ကြောက်တယ်ဗျ... အလ္လာဟ်အသျှင်မြတ်ရဲ့ အပြစ်ပေးမှုကို ကာကွယ်ပေးနိုင်တဲ့သူဘယ်သူများရှိလို့တုန်း? ကျနော်ကတော့ ရှိတယ်လို့ မယုံဘူး... ခင်ဗျားက ယုံနေရင်တော့ မသိဘူးပေါ့ဗျာ...။

အမှည့်လွန်ရင် ရော်တယ်... အတွေးလွန်ရင် ချော်တယ် ဆိုတာတော့ခင်ဗျားမှတ်ထားလိုက်ပါ...


ကျနော်ကတော့ သိပ်ပြီး တော်လို့တတ်လို့ ပြောနေတာတော့မဟုတ်ပါဘူး... ခင်ဗျားရဲ့ကိုယ်စား ကြောက်မိလို့ ကိုယ်ချင်းစာစိတ်နဲ့လာပြီး သတိပေးနေတာပါ... ခင်ဗျားက သိပ်ပြီး သတ္တိတွေကောင်းနေရင်တော့ ကျနော်ဘာမှ မပြောလိုတော့ပါဘူး... ဒါနဲ့ ခင်ဗျားက ဟိတ်ကြီးဟန်ကြီးနဲ့ အစ္စလာမ်ဝဘ်ဆိုက်ထောင်ပြီး ဘာသာခြားတွေ စောဒကတက်ထားတာတွေကို ဘာလို့မဖြေထားတာလဲ??? အဲလိုမလုပ်နဲ့လေဗျာ... ခင်ဗျား မဖြေနိုင်ဘူးဆိုရင်လည်း ဒီဝဘ်ဆိုက်ကို ဖျက်ရင်ဖျက်ပစ်လိုက်ပါ... အစ္စလာမ်သာသနာကိုတော့ နာမည်မဖျက်ပါနဲ့... တောင်းပန်ပါတယ်ဗျာ...။

တမလွန်အတွက် ရင်လေးလျက်...

ဝဏ္ဏ

ကိုလူချော said...

သို့
ကိုရွက်ဝါ…

ကိုရွက်ဝါက ကိုဌေးလွင်ဦးကို ပြောတယ်ဆိုပေမယ့် ကျနော်ကလည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်နေလို့ ဘေးကကြည့်မနေနိုင်တဲ့အတွက် တက်နိုင်သမျှ ဝင်ပြောလိုက်ရပါတယ်… ကိုဌေးလွင်ဦးနဲ့သာ သက်ဆိုင်တဲ့ကိစ္စတွေကိုတော့ ကျနော်ဝင်မပြောလိုပါဘူး…။ ကိုရွက်ဝါရဲ့ ရေးသားမှုတွေကို နံပါတ်စဉ်နဲ့ တပ်ပြပြီး တစ်ခုတိုင်းရဲ့အောက်မှာ ကျနော့်ဘက်က ပြန်ရေးထားပါတယ်…။

၁။ ကျွန်တော့်အနေနှင့် အကြံပေးချင်တာကတော့ ဘယ်အကြောင်းအရာကို လေ့လာသည်ဖြစ်စေ အမည်နာမသည် အနှစ်သာရမဟုတ် ဆိုတာလေးကို သတိပြုမိဖို့ပါ။ ဦးချမ်းသာ အမည်နဲ့ စားစရာမရှိ ဖြစ်နေသူတွေ တွေ့ရတတ်သလို၊ ဒေါ်ကြာလှ နာမည်နဲ့ အကျည်းတန်တန် အမျိုးသမီးကြီးများလည်း ရှိနိုင်ပါတယ်။

လက်ခံပါတယ်… ဒါပေမယ့် အစ္စလာမ်ဆိုတာက ဦးချမ်းသာတို့ ဒေါ်ကြာလှတို့လို လူက လူကို မှည့်ခေါ်တဲ့ အမည်နာမ မဟုတ်ပါ… ဖန်ဆင်းရှင်ကိုယ်တော်တိုင်က မှည့်ထားတဲ့ အမည်နာမသာ ဖြစ်တဲ့အတွက် အနှစ်သာရနဲ့ မည်သို့မျှ ကွဲလွဲမနေနိုင်ပါဘူး… အစွဲကင်းကင်းနဲ့လေ့လာဖို့သာ လိုပါတယ်…။


၂။ ငြိမ်းချမ်းရေးဆိုသော အမည်သည် အမည်သက်သက်ဖြစ်၍ အရေးမကြီးပါ။ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လမ်းညွှန်ထားခြင်း ရှိမရှိသာ လိုရင်းဖြစ်ပါသည်။

မှန်ပါတယ်... ငြိမ်းချမ်းရေးအတွက် အမှန်တကယ် လမ်းညွှန်ထားခြင်း ရှိမရှိဆိုတာကို သိရဖို့အတွက် မလေ့လာခင်အလျင် မိမိရဲ့ ရှေးရိုးစွဲ အယူဝါဒကို ခေတ္တဖယ်ခွာလိုက်ပါ... မေ့ထားလိုက်ပါ... ဦးနှောက်ကို ရှင်းရှင်းထားပြီး ယုတ္တိတန်တန်သုံးသပ်ပါ... ဘာကြောင့်လဲဆိုတော့ လူဆိုတာ မိမိအယူဝါဒကိုသာ အကောင်းဟုထင်ပြီး မိမိအယူဝါဒနဲ့မကိုက်ရင် မကောင်းဘူးလို့ မှတ်ယူတတ်ကြလို့ပါ...။

၃။ အလ္လာဟ်အရှင်မြတ်ကို နာခံနေရခြင်းက ငြိမ်းချမ်းရေးပဲ လို့ဆိုချင်ရင်တော့ မြန်မာလို ပြန်တဲ့နေရာမှာ ငြိမ်းချမ်းရေးကို ထည့်ပြန်လို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နားလည်ထားတဲ့ ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းခြင်း သန္တိသုခနဲ့တော့ ဘယ်လိုမှ မပတ်သက်ဘူးလို့ မြင်ပါတယ်။ ကျွန်တော် လေ့လာတာ မနှံ့စပ်လို့လည်း ဖြစ်ချင်ဖြစ်ပါလိမ္မယ်။ ဒါလည်း ကိုဌေးလွင်ဦး တီထွင်သုံးစွဲတာလို့တော့ တပ်အပ် မစွပ်စွဲနိုင်ပါဘူး။ ရှေးဆရာအချို့ ရေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရှေးမြန်မာ အစ္စလာမ်ဘာသာဝင် ပညာရှိကြီးဖြစ်တဲ့ ဦးနုရဲ့ ရေးသားချက်အချို့အပေါ်မှာကိုးပဲ ကျွန်တော့်အနေနဲ့ ရိုးသားမှုရှိရဲ့လားဆိုတာ စီစစ်ဖို့ များစွာရှိသေးပါတယ်။

ဟုတ်ပါတယ် ကိုရွက်ဝါလေ့လာတာ မနှံ့စပ်သေးပါဘူး... ကိုရွက်ဝါ အကာလို့ထင်တဲ့ အစ္စလာမ်ဆိုတဲ့ အမည်နာမရဲ့အဓိပ္ပာယ်ကို လေ့လာတာတောင်မှ တိကျအောင်မလေ့လာနိုင်ဘူးဆိုရင်... အနှစ်သာရပိုင်းကို လေ့လာနိုင်ဖို့ဆိုတာ ဝေးလံလွန်းလှတဲ့ အနေအထားမှာရှိနေပါတယ်... တုတ်၊ ဓါး၊ ခဲ၊ လက်နက်တွေကိုပဲ ရွေးပြီးလေ့လာနေမယ်ဆိုရင်တော့ အနှစ်သာရအမှန်ကို တွေ့ရလိမ့်မယ်မထင်ပါနဲ့...။
အစ္စလာမ်ရဲ့ အဓိပ္ပာယ်အမှန်က အလ္လာဟ်အသျှင်မြတ်ကို နာခံခြင်းပါ... ‘ အစ္စလာမ် ’ဆိုတဲ့ဝေါဟာရက ‘ စလာမ် ’ ဆိုတဲ့ စာလုံးကနေ ဆင်းသက်လာတာပါ... စလာမ်ရဲ့ အဓိပ္ပာယ်ကိုက ဒုက္ခခပ်သိမ်းမှကင်းငြိမ်းခြင်းပါပဲ... သန္တိသုခနဲ့ အဓိပ္ပာယ်တစ်ထပ်တည်းကို ကျနေပါတယ်...(ကိုရွက်ဝါ အရဗီတတ်ရင် အရဗီအဘိဓာန်တွေမှာ လေ့လာကြည့်ပါ) ဒါကြောင့် အစ္စလာမ်ကို သန္တိသုခလို့ပြန်တာဟာ အဓိပ္ပာယ်အားဖြင့် မှန်ကန်တိကျမှုရှိလှပါတယ်...။
ကိုဌေးလွင်ဦးကို တီထွင်သုံးစွဲတာပါလို့ ကိုရွက်ဝါ စွပ်စွဲလို့မရသလို ရှေးမြန်မာအစ္စလာမ်ဘာသာဝင် ပညာရှိကြီးဖြစ်တဲ့ ဦးနုရဲ့ ရေးသားချက်အချို့ပေါ်မှာလည်း ရိုးသားမှု ရှိမရှိဆိုတာကို ကိုရွက်ဝါစီစစ်ဖို့မလိုပါဘူး... ကျနော်တို့သာသနာက ကျမ်းစာပြန်ဆိုရာ ရိုးသားစွာနဲ့ တိတိကျကျပြန်ဆိုဖို့ကို လမ်းညွှန်ထားပြီးသားပါ... မရိုးမသား ပြန်ဆိုရင် ခံစားရမယ့် အပြစ်ဒဏ်ကိုလည်း သတ်မှတ်ပြီးသားပါ... ဒါကြောင့် အစ္စလာမ်ဘာသာဝင်မှန်ရင် မရိုးမသားပြန်ဆိုသူ မည်သူမျှမရှိပါ... ကိုရွက်ဝါစီစစ်နေရင်လည်း အမောအဖက်တင်မှာစိုးလို့ကြိုပြောထားတာပါ... တားမြစ်နေခြင်း မဟုတ်ပါဘူး... စီစစ်ရမှ ကျေနပ်မယ်ဆိုလည်း စီစစ်ကြည့်လိုက်ပါ...။ အရဗီမူရင်းနဲ့ တွဲပြီးစီစစ်ဖို့တော့ လိုပါတယ်...။

ကိုလူချော said...

၎။ အခုဖော်ပြတဲ့ ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့ ဖောက်ပြန်မှုမှာ အပြစ်တင်စရာ ငါသူတပါးယောကျာ်းမိန်းမ မရှိတော့ဘူး။ အခြားသော ယောက်ျားအပေါ်မှာ ချစ်မိတဲ့ ရာဂဆန္ဒကြောင့်လည်း ဖြစ်နိုင်တယ်။ မိမိယောက်ျားအပေါ် မလိုမုန်းထားတဲ့ ဒေါသ ကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်ပြုတဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်က အပြစ်ရှိမှန်း မသိတဲ့မောဟ ကြောင့်လည်းဖြစ်နိုင်တယ်။ ဘဝနဲ့ ယှဉ်ပြီးအရေးကြီးတဲ့ အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာမှာ ကြောက်ခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ အပြစ်တင်စရာ တရားခံအစစ်ကို ရှာမယ်ဆိုရင် မိန်းမရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့၊ ရာဂ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာ အညစ်အကြေးတို့သာလျှင်ဖြစ်တယ်။ တနည်းစဉ်းစားရင် ဒီလိုပြဿနာမျိုးပေါ်လာရတာဟာ ယောက်ျားရဲ့ တာဝန်ပျက်ကွက်မှုတွေကြောင့်လည်း ဖြစ်နိုင်တယ်။
အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရတဲ့ လင်ယောက်ျားအနေနဲ့ မိန်းမအပေါ်မှာ ဒီသုတ္တန်လာ မိတ်ဆွေတု မိတ်ဆွေစစ် အင်္ဂါတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး မပြတ်စဲသင့်ဘူးထင်ရင် သူ့ရင်ထဲက ကိလေသာတွေ ပါးသွားအောင် ဆေးကြောပေးရမယ်၊ စောင့်ရှောက်ပေးရမယ်၊ သင်ပြပေးရမယ်။ မိတ်ဆွေတုလို့ အသေအခြာ သတ်မှတ်နိုင်လောက်ရင်လည်း ကင်းကင်းရှင်းရှင်းနေလိုက်ဖို့သာရှိတယ်။

ကိုရွက်ဝါကို တစ်ခုမေးမယ်ဗျာ… ကိုရွက်ဝါ ငရဲ ဆိုတာကိုလက်ခံလား? လက်ခံတယ်ဆိုရင် အဲဒီငရဲက ဘယ်သူတွေအတွက်လဲ? မကောင်းမှုကျူးလွန်သူတွေအတွက် မဟုတ်လား? အခု ဗုဒ္ဓရဲ့သုတ္တန်လာ အကြောင်းတရားလေးပါးဖြစ်တဲ့ ရာဂ၊ ဒေါသ၊ မောဟ၊ ဘယ ဆိုတဲ့ အရာတွေကသာ တရားခံအစစ်တွေပါလို့ ကိုရွက်ဝါက ဆိုနေတော့ ငရဲမှာ အပြစ်ပေးခံရမယ့်သူတွေက လူတွေမဟုတ်ဘူး… ရာဂ၊ ဒေါသ၊ မောဟ၊ ဘယ တွေကသာ အပြစ်ပေးခံရမှာပါလို့ ကိုရွက်ဝါခံယူထားပုံပဲ အဲလိုလားဗျာ? ဟုတ်ရဲ့လား? ခေါင်းအေးအေးထားပြီး စဉ်းစားပါဦး ...။

ဒါက ကိုရွက်ဝါဟာ ဗုဒ္ဓရဲ့အဆုံးအမသုတ္တန်ကနေ စီရင်ချက်ကို ထုတ်ယူလိုက်ခြင်းဖြစ်ပါတယ်... အဲဒီသုတ္တန်မှာပါတဲ့ ဖောက်ပြန်ခြင်းရဲ့ အကြောင်းတရားလေးပါးဖြစ်တဲ့.. ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ မသိခြင်းဆိုတာတွေကိုသုံးသပ်ကြည့်ရအောင်...။

မသိခြင်းဆိုတာကို အရင်သုံးသပ်မယ်ဗျာ... လူလားမမြောက်သေးတဲ့ကလေးငယ်တစ်ယောက်က အပြစ်ကို အပြစ်မှန်းမသိလို့ ကျူးလွန်တယ်ဆိုရင် လက်ခံလို့ရတယ်... စိတ်မနှံ့သူ တစ်ယောက်က အပြစ်ကို အပြစ်မှန်းမသိလို့ ကျူးလွန်တယ်ဆိုရင် လက်ခံလို့ရတယ်... ဒါပေမယ့် အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး ဦးနှောက်မှန်နေတဲ့ မိန်းမတစ်ယောက်က အပြစ်ကို အပြစ်မှန်းမသိလို့ ကျူးလွန်တယ်ဆိုတာ ဖြစ်နိုင်လား? ဘာသာရေးအသိမရှိလို့ ဆိုတာမျိုးတော့ ဆင်ခြေမပေးနဲ့ပေါ့... အဲ .. ဗုဒ္ဓဘာသာဝင်တွေအတွက်ဆိုရင်တော့ ဒီဆင်ခြေက ဖြစ်နိုင်ကောင်းပါတယ်... ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေအတွက် ဒီဆင်ခြေမျိုးက မဖြစ်နိုင်ပါဘူး... အကြောင်းကတော့ - အစ္စလာမ်သာသနာက အရွယ်ရောက်ပြီးသော အမျိုးသား အမျိုးသမီးအားလုံး တစ်ဦးတစ်ယောက်တိုင်းအတွက် သာသနာကပြထားတဲ့ ဆောင်ရန် ရှောင်ရန် တွေကို သိအောင်လုပ်ဖို့ မပြုမနေရ တာဝန်ကြီး တစ်ရပ်အဖြစ်သတ်မှတ်ထားလို့ပါ... အဲဒီကြားထဲကမှ မသိဘူးဆိုရင်တော့ ဒါက သူ့ရဲ့ တာဝန်မကျေမှုကနေ ရလာတဲ့ ရလဒ်တစ်ခုဖြစ်လို့ အဲဒီမသိခြင်းရဲ့ တရားခံက သူကိုယ်တိုင်ပါပဲ...။
ဒါကလည်း အစ္စလာမ့်ဥပဒေအားလုံးကို ခြုံငုံပြီး ပြောလိုက်တဲ့သဘောပါ... အခု ကျနော်တို့ပြောနေတဲ့ ကာမဖောက်ပြန်မှုနဲ့ပတ်သက်ပြီးပြောရရင်တော့ ဒီလုပ်ရပ်က အပြစ်ဖြစ်လား မဖြစ်ဘူးလားဆိုတာကို ဘယ်သူမှ တကူးတက လိုက်လံသင်ကြားနေဖို့မလိုပါဘူး.. အစ္စလာမ်ဘာသာဝင်ဟုတ်သူရော မဟုတ်သူပါ ဒီလုပ်ရပ်ဟာ မဖွယ်မရာတဲ့လုပ်ရပ်ဖြစ်ကြောင်း မည်သို့မျှမလုပ်သင့် မလုပ်အပ်ကြောင်း အပြစ်ရှိကြောင်း လက်ခံထားပြီးသားကိစ္စရပ်ပါ... ဒါကြောင့် ဒီကိစ္စမှာ မသိခြင်းဆိုတဲ့ အကြောင်းတရားဟာ ဘယ်လိုနည်းနဲ့မှ အကျုံးမဝင်နိုင်တော့ပါဘူး...။

ကိုလူချော said...

ချစ်ခြင်းအကြောင်းတရား...
သူ့မှာလင်ငုတ်တုပ်ကြီးရှိနေပါလျက်နဲ့ တခြားယောက်ျားကို သွားပြီးချစ်တယ်ဆိုကတည်းက သူ့အမှားကပေါ်လွင်နေပြီ... ဒါတင်မကသေးပဲ ကာမဖောက်ပြန်မှုပါပြုတယ်ဆိုရင်တော့ တော်တော်ကို
တရားလွန်သွားပါပြီ... ဒါကို စိတ်ဆန္ဒရဲ့ လှုံ့ဆော်မှုကြောင့်ပါလို့ ဆင်ခြေပေးမယ်ဆိုရင် အဲဒီဆင်ခြေကို ဗုဒ္ဓဘာသာက လက်ခံကောင်းလက်ခံနိုင်ပါတယ်... ဒါပေမယ့် အစ္စလာမ်ဘာသာက လက်မခံပါဘူး... လက်မခံရတဲ့အကြောင်းအရင်းကို ရှာကြည့်မယ်ဆိုရင်... အဲဒီစိတ်ဆန္ဒရဲ့လှုံ့ဆော်မှုက ဘယ်ကနေစတာလဲ ဆိုတာကို အရင်စဉ်းစားရပါလိမ့်မယ်...။
တခြားယောက်ျားတစ်ယောက်ကို ချစ်မိဖို့အဲဒီယောက်ျားကိုတွေ့ဖူးဖို့လိုအပ်ပါတယ်... အဲဒီယောက်ျားက သူ့ကိုတွေ့ဖူးဖူး မတွေ့ဖူးဖူး သူက တွေ့ဖူးရုံသက်သက်နဲ့ ချစ်မိသွားဖို့ဆိုတာဖြစ်နိုင်ပါတယ်... ဒါပေမယ့် ကာမဖောက်ပြန်မှု ဖြစ်ပေါ်လာဖို့အတွက် သူတို့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက် တွေ့ဖူးပြီး ဆုံစည်းမိကြဖို့တော့လိုပါတယ်... ဆုံမိတယ်ဆိုတာကလည်း ရုတ်တရက် တဒင်္ဂလေး ဆုံမိရုံနဲ့တော့ ဖောက်ပြန်မှုတစ်ခု မဖြစ်ပွားနိုင်ပါဘူး... အကြိမ်ကြိမ်ဆုံတွေ့မိကြမှသာ ဖြစ်နိုင်ပါမယ်... နောက်ဆုံးဗျာ တစ်ကြိမ်ပဲဆုံတွေ့မိတယ်ထားအုံး အချိန်အတိုင်းအတာတစ်ခုထိကြာအောင် ဆုံတွေ့မိပြီးမှသာ ကာမဖောက်ပြန်မှု ဖြစ်ပေါ်လာနိုင်မှာပါ... ဒါကတော့ စိတ်ဆန္ဒရဲ့လှုံ့ဆော်မှုဆိုတာကို အစ ရှာထုတ်လိုက်တာပါ... အခု အစ္စလာမ်သာသနာက အဲဒီဆင်ခြေကို လက်မခံရတဲ့ အကြောင်းရင်းကို ပြောပါ့မယ်...။

အစ္စလာမ်သာသနာမှာ အမျိုးသားတွေဟာ သူစိမ်းတရံစာ အမျိုးသမီးတွေကို ချစ်တဲ့စိတ်(ရာဂစိတ်)နဲ့ ကြည့်ခွင့်မရှိသလို အမျိုးသမီးများဟာလည်း သူစိမ်းတရံစာ အမျိုးသားများကို ချစ်တဲ့စိတ်(ရာဂစိတ်)နဲ့ ကြည့်ခွင့်မရှိပါဘူး... ဒါက ကြည့်ရုံလေးပဲရှိသေးတာနော်... ပြီးတော့ သူစိမ်းအမျိုးသားနဲ့ သူစိမ်းအမျိုးသမီးတို့ဟာ(အရေးတကြီး လိုအပ်သည်ထက်ပို၍)
စကားပြောဆိုခွင့်လည်း မရှိပါဘူး... နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရာတစ်ခုမှာ ရှိနေခြင်းကိုလည်း ခွင့်မပြုပါဘူး... ခရီးထွက်မယ်ဆိုရင်လည်း မိမိရဲ့ခင်ပွန်း (သို့) အရင်းအချာထဲက တစ်ဦးတစ်ယောက်ပါမှသာ ထွက်ခွင့်ရှိပါတယ်... အမျိုးသမီးတစ်ဦးထဲကို ခရီးထွက်ခွင့် ပြုမထားပါဘူး... အဲဒါကြောင့် အစ္စလာမ့်ဥပဒေနဲ့အညီနေတဲ့ အမျိုးသမီးတစ်ဦးဟာ ဘယ်သူစိမ်းယောက်ျားကိုမှ ချစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ကာမဖောက်ပြန်ဖို့ဆို ဝေလာဝေးပါပဲ... နောက်ဆုံး ချစ်မိတယ်ပဲထားပါဦးဗျာ... ကာမဖောက်ပြန်ဖို့ကတော့ ဘယ်နည်းနဲ့မှကို မဖြစ်နိုင်တာပါ... ဖောက်ပြန်မယ့်သူဟာလည်း မဖောက်ပြန်ခင်အလျင် ဥပဒေတော်တော်များများကို ချိုးဖောက်ရပါလိမ့်မယ်... အဲဒီလို ဥပဒေတော်တော်များများကိုချိုးဖောက်ပြီးမှသာ ကာမဖောက်ပြန်ခြင်းဆိုတဲ့ ပြစ်မှုကြီးကို ကျူးလွန်ဖို့ဆိုတာ ဖြစ်လာနိုင်တာပါ... အဲတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်က ကာမဖောက်ပြန်တယ်ဆိုတာ အလွန်အင်မတန် ဆိုးရွားလှစွာ ပြစ်မှုအထပ်ထပ်ကိုကျူးလွန်ခြင်းဖြစ်ကြောင်း ထင်ရှားလွန်းမက ထင်ရှားလွန်းနေပါတယ်... ဒီသုံးသပ်ချက်အရ အချစ်ဆိုသော အကြောင်းတရားဟာလည်း ဒီကိစ္စရပ်မှာ အကျုံးမဝင်တော့ ပါဘူး...။

ကိုလူချော said...

မုန်းခြင်းအကြောင်းတရား...
အမျိုးသမီးတစ်ဦးဟာ မိမိရဲ့လင်ယောက်ျားကိုမုန်းတဲ့စိတ်ကြောင့် ကာမဖောက်ပြန်မယ်... ဒါကိုလည်း ဗုဒ္ဓဘာသာအနေနဲ့ လက်ခံပေးလို့ ရကောင်းရနိုင်ပါလိမ့်မယ်... အစ္စလာမ်သာသနာကတော့ လက်မခံပါဘူး... ဘာလို့လဲဆိုတော့--- ကာမဖောက်ပြန်တဲ့ပြစ်မှုကြီးကို ကျူးလွန်ရဲသွားလောက်အောင် သူ့ရဲ့မုန်းတီးစိတ်က ပြင်းထန်နေတယ်ဆိုတော့ သူ့ယောက်ျားက သူ့အပေါ် တော်တော်ရက်စက် ကြမ်းကြုတ်နေတဲ့သဘောပါပဲ... အဲဒီလို အခါမျိုးမှာဆိုရင် သူ့ယောက်ျားရဲ့ရန်ကနေ ကင်းလွတ်ဖို့ရာ အစ္စလာမ်သာသနာက လမ်းညွှန်ထားပြီးသားပါ... အဲဒါကတော့ အစ္စလာမ်တရားသူကြီး(ဓမ္မသတ်မှုး) ထံကို ကြောင်းကျိုးတင်ပြပြီး ဒီယောက်ျားနဲ့ ကွာရှင်းပြတ်စဲလိုကြောင်း တောင်းဆိုပိုင်ခွင့် အပြည့်အဝပေးထားပါတယ်...(ယောက်ျားက တာဝန်ပျက်ကွက်သူဖြစ်မယ်ဆိုလည်း ထိုနည်း၎င်းပါပဲ)… မည်သည့် ကာမဖောက်ပြန်မှုမျှ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါ... အဲဒါကြောင့် အမုန်းဆိုသော အကြောင်းတရားသည်လည်း ဒီကိစ္စရပ်မှာ အကျုံးမဝင်တော့ပါ...။


ကြောက်ခြင်းအကြောင်းတရား...
အမျိုးသမီးတစ်ဦးဟာ ဘဝနဲ့ယှဉ်ပြီး အရေးကြီးတဲ့ အန္တရာယ် တစုံတရာကျရောက်လာမှာကို ကြောက်ခြင်းကြောင့်လည်း ကာမဖောက်ပြန်နိုင်ပါတယ် လို့ ဆိုတော့...

ဒီနေရာမှာ ဘဝနဲ့ယှဉ်ပြီး အရေးကြီးတဲ့ အန္တရာယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ? အမျိုးမျိုးတွေးလို့ရနေတယ်... ဘယ်လိုအန္တရာယ်မျိုးဖြစ်ဖြစ်ပါ .. သူ့လင်ယောက်ျားနဲ့တော့ တိုင်ပင်လို့ရမှာပါ... သူ့ယောက်ျားကိုပြောဖို့တောင် အချိန်မမီနိုင်လောက်တဲ့ အန္တရာယ်ကတော့ တစ်ခုပဲဖြစ်နိုင်ပါတယ်... သူ့ကို အဓမ္မ(မုဒိမ်း)ကျင့်ခြင်းပါ... အဲဒီလို အဓမ္မ(မုဒိမ်း)ကျင့်ခံရတာကို ကာမဖောက်ပြန်တယ်လို့ အစ္စလာမ်က မသတ်မှတ်ပါဘူး... အကျင့်ခံရသူက တရားခံမဟုတ်ပါဘူး... ကျင့်သူကသာ တရားခံပါ...။ ဒါ့ကြောင့် ကြောက်ခြင်းဆိုသော အကြောင်းတရားသည်လည်း ကာမဖောက်ပြန်မှုတွင် အကျုံးမဝင်တော့ပါဘူး...။

အချုပ်ကိုပြောရရင် ကိုရွက်ဝါပြောတဲ့ အကြောင်းတရားတွေက ကာမဖောက်ပြန်မှုမှာ ဆင်ခြေတွေအဖြစ် မည်သို့မျှ အကျုံးမဝင်တော့ပါဘူး...။

ကိုလူချော said...

၅။ အဲဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရတဲ့ လင်ယောက်ျားအနေနဲ့ မိန်းမအပေါ်မှာ ဒီသုတ္တန်လာ မိတ်ဆွေတု မိတ်ဆွေစစ် အင်္ဂါတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး မပြတ်စဲသင့်ဘူးထင်ရင် သူ့ရင်ထဲက ကိလေသာတွေ ပါးသွားအောင် ဆေးကြောပေးရမယ်၊ စောင့်ရှောက်ပေးရမယ်၊ သင်ပြပေးရမယ်။ မိတ်ဆွေတုလို့ အသေအခြာ သတ်မှတ်နိုင်လောက်ရင်လည်း ကင်းကင်းရှင်းရှင်းနေလိုက်ဖို့သာရှိတယ်။


ဟုတ်ကဲ့... ကိလေသာတွေ ပါးသွားအောင် ဆေးကြောပေးခြင်း၊ သင်ပြပေးခြင်း ဆိုတာဟာ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့သဘောပါ... ဖြစ်ပြီးမှ လုပ်ရမယ့်အရာမဟုတ်ပါဘူး..။

ဒီနေရာမှာ ဗုဒ္ဓသာသနာနဲ့ အစ္စလာမ်သာသနာရဲ့ ခြားနားမှုကို အကြမ်းဖျင်းတင်ပြရရင်...

ဗုဒ္ဓသာသနာဆိုတာက အကျိုးဆက်တစ်ခုပေါ်ပေါက်ပြီးသောအခါမှ အကြောင်းတရားကို နောက်ပြန်လှည့်ပြီး ပြေးကြည့်ခိုင်းပါတယ်...။ (သူခိုးပြေးမှ ထိုးကွင်းထ ဆိုသလိုပါပဲ)

အစ္စလာမ်သာသနာဆိုတာကတော့ အကျိုးဆက်ကိုပေါ်ပေါက်စေမယ့် အကြောင်းတရားကို အရင်ဦးစွာသတိပေးထားပြီး ရှောင်ကြဉ်သင့်တဲ့ အကြောင်းတရားကို ရှောင်ကြဉ်ခိုင်းပါတယ်... ဆောင်ထားသင့်တဲ့ အကြောင်းတရားကို ဆောင်ထားခိုင်းပါတယ်... ဒါကြောင့် မကောင်းတဲ့အကျိုးဆက်ဆိုတာ ဖြစ်မလာနိုင်ပဲ ကောင်းတဲ့ အကျိုးဆက်သာဖြစ်လာနိုင်မှာပါ...အဲတော့ အကျိုးဆက်တစ်ခုပေါ်ပေါက်လာပြီဆိုတာနဲ့ နောက်ပြန်လှည့်ပြီး ပြေးကြည့်စရာမလိုတော့ပါဘူး...။
ပြီးတော့ အစ္စလာမ်သာသနာက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် ဒုစရိုက်ကောင်အတွက် ပတ်ဝန်းကျင်မှာ နေရာချန်မထားပါဘူး... အကြောင်းကတော့ ပတ်ဝန်းကျင်ကို သန့်ရှင်းစေချင်လို့ပဲဖြစ်ပါတယ်...။ ဘယ်သူသေသေ ငတေ မာရင်ပြီးရောဆိုတာကို အစ္စလာမ်သာသနာက လက်မခံပါဘူး...။

ဗုဒ္ဓသာသနာကတော့ မိမိအိမ်သန့်ရင်ပြီးတာပဲ ပတ်ဝန်းကျင်ဘာဖြစ်ဖြစ်ဆိုတဲ့သဘောမျိုးနဲ့ ကင်းကင်းရှင်းရှင်းနေလိုက်ဖို့ ခိုင်းထားတာပါ...။ သာမန်ပြစ်မှုကို ကျူးလွန်သူလား... မဖွယ်မရာ အကျည်းတန် စက်ဆုတ်ဖွယ်ကောင်းတဲ့ ပြစ်မှုကို ကျူးလွန်သူလား ဆိုတာကို မခွဲခြားခိုင်းပါဘူး...။ (နေရာတကာ မေတ္တာထားသည်ဟု ဆို၍ နာမည် လှလှလေးပေးကာ အစွန်းရောက်မေတ္တာဝါဒီများအဖြစ် ရပ်တည်ခိုင်းပါတယ်... အလယ်အလတ်လမ်းစဉ်ကို ပြသထားခြင်းမရှိပါ) လောက ငြိမ်းချမ်းမှုကို ရှေ့ရှု့ခြင်းမရှိပါ...။

အစ္စလာမ်သာသနာကတော့ အလယ်အလတ်လမ်းစဉ်ကိုသာ ပြသထားသော သာသနာပါ... မေတ္တာနှင့်ထိုက်တန်သူကို မေတ္တာထားဖို့... သုတ်သင်မှုနှင့်ထိုက်တန်သူကို သုတ်သင်ဖို့ မျှမျှတတ လမ်းညွှန်ထားပါတယ်... လူတစ်ယောက်ပြစ်မှုကျူးလွန်ရင် နောက်ထပ်ကျူးလွန်သူတစ်ယောက်ထပ်တိုးမလာအောင် လူအများသံဝေဂရစေတဲ့နည်းနဲ့ ကျူးလွန်သူကိုရော ပြစ်မှုကိုပါ အပြီးသတ် ချေမှုန်းခိုင်းပါတယ်...။ အစ္စလာမ်ဆိုတဲ့ အမည်နာမနဲ့ လိုက်အောင် လောက ခပ်သိမ်း ငြိမ်းအေးမှုကို ရှေ့ရှု့ထားတာပါ...။

ဗုဒ္ဓသာသနာကတော့ လူတစ်ယောက်ပြစ်မှုကျူးလွန်ရင် နောက်ထပ်လူအမြောက်အများကပါ ကျူးလွန်ချင်စိတ်ပေါက်လာအောင် လှုံ့ဆော်ပေးသလို ဖြစ်နေပါတယ်... သူတို့ပြောသမျှ တရားတွေက အပေါ်ယံကြည့်ရင်တော့ တရားသလိုလိုပါပဲ... အတွင်းကျကျ ယုတ္တိတန်တန် တွေးကြည့်မှ မတရားကြောင်း ပေါ်လွင်လာပါတယ်... ပြောရမယ်ဆိုရင် --- ဒုစရိုက်သမား မွေးမြူရေး သာသနာ အဖြစ်နှင့် လူသားတို့ကို အနုနည်းနဲ့ မသိမသာ ဒုက္ခနွံထဲ ဆွဲခေါ်နေပါတယ်...။

ရှေးရိုးစွဲဝါဒကို ဖယ်ပြီး နှလုံးသားသန့်သန့်လေးနဲ့ ဆင်ခြင်ကြည့်ကြစေချင်ပါတယ်...။

ကိုလူချော said...

၆။ ဝါဒတစ်ခုမှလာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တိုမှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်းကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ယင်းဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။

ဟုတ်ကဲ့... ဘယ်ဟာကကောင်းလဲ.. ဘယ်ဟာက မကောင်းဘူးလဲ.. ဘယ်ဟာက ပညာရှိတို့ချီးမွမ်းစရာဖြစ်လဲ.. ဘယ်ဟာက ပညာရှိတို့ ကဲ့ရဲ့ရှုံ့ချစရာဖြစ်လဲ.. ဘယ်ဟာက ကောင်းသောအကျိုးစီးပွားဖြစ်ဖို့ရှိလဲဆိုတာကို ပညာရှိများကိုယ်တိုင်သာ ဆင်ခြင်ကြည့်ကြပါတော့...။



သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို မနှစ်မြို့သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။ ကြည့်-- ကုရ်အာန် ( ၂း ၂၁၆)


၇။ ဤနည်းဖြင့် စည်းရုံးခြင်းမှာ လူ၏စဉ်းစားဆင်ခြင်ဉာဏ်ကို ဦးစားမပေးသော မှိုင်းသွင်းသည့် နည်းသက်သက်ဖြစ်သောကြောင့် လွတ်လပ်သော အတွေးအခေါ်ရှိသူဖြစ်လျှင် မလုပ်သင့်ကြောင်း အကြံပြုပါရစေ။

နေရာတကာ လူသား၏ စဉ်းစားဆင်ခြင်ဉာဏ်ကို ဦးစားပေးပါက မှန်ကန်သောတရားဟူသည် အဘယ်မှာလျှင် ရှိနိုင်အံ့နည်း...။

ပိဋကတ်ကျမ်းလာသည်နှင့်အညီ ပြဆိုညွန်သွားပေအံ့။လောကေ၊ လောကကို၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ သူရူးနှင့်လည်းတူ၏။ အဝိဂတဿ၊ စိတ်ဖေါက်ပြန်သောသူနှင့်လည်းတူ၏။
ဗုဒ္ဓဿ၊ အတုမရှိသောမြတ်စွာ ဘုရားသခင်ကို၎င်း၊ နစိန္တတံ၊ မကြံစည်အပ်သည်ကို စိန္တာယဿ၊ ကြံစည်သောသူအား ဥမ္မတဿ၊ အရူးနှင့်လည်းတူ၏ဟု လောကဒီပကာသာရကျမ်း၌ ပြဆိုထားပါသည်။
မကြံစည်အပ်သော အရာများ။
၁။ ဗုဒ္ဓဝိသယော။ ဘုရားသာသိအပ်သည်ကို မကြံစည်အပ်။
၂။ ဈာယိဿ။ ဈာန်အဘိညာဉ်အရာကို မကြံစည်အပ်။
၃။ ကမ္မဝါပါကော။ ကံ၏ အကျိုးပေးပုံကို မကြံစည်အပ်။
၎။ လောကောစိန္တာ၊ နေ၊ လ စသော လောကတည်ပုံကို မကြံစည်အပ်။
ကြံစည်လျှင် ရူးသွပ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း အဖို့ဖြစ်၏။ (အင်္ဂုတ္ထိုရ်ပါဠိ စတုက္ကနိပါတ် အပဏ္ဏကဝစ်)။


ကျေးဇူးတင်စွာဖြင့်
သျှားဝဏ္ဏ

realeyes said...

ကိုလူ့ ဌေးလွင် ခင်များကပြောတဲ့အတိုင်း ကိုယ့်အလုပ်ကိုလုပ်ပါဆိုတော့ အခုကျှုပ်ပြောပြီး ကိုယ်အလုပ်လို့သတ်မှတ်ပြီး ခင်များဒီဆိုးဒ်ကိုပိတ်ပါ အစ္စလာမ်သာသနာကို လူတွေလက်ခံအောင်လုပ်ချင်တာလား?ဒါမှမဟုတ် သာသနာကို သေးသိမ်အောင် လူတွေဆဲဆိုအောင်လုပ်ချင်တာလား ခင်များသုံးသပ်ပါ အခုခင်များရေးထားတာတွေဖတ်ပြီး အကျိုးဘယ်လောက်ရှိလဲ ဆိုးကျိုးဘယ်လောက်ရှိလဲကြည့်ပါ ဘယ်နှယ်ဗျာပြောထားလိုက်ကြတာ ရစရာမ၇ှိအောင် ခင်များကြောင့် သူတို့သာသနာကို စော်ကားဖို့အဆင့်သင့်ဖြစ်သွားတယ် အဓီကတရားခံခင်များဖြစ်နေတယ်ဆိုတာ သိလား အေး ခင်များဒီလောက်သာသနာဖြန့်ချင်တယ်ဆို နောက်နည်းလမ်းတွေအများးကြီးပါ မသိလဲမေး ထင်ရာမဆိုင်းပါနဲ့ အေး သိချင်ရင် ဒီအကောင့်ကိုလာခဲ့ minzawoo786@gmail.com

kothura said...

ဒီကိစ္စက www.islammyanmar.com ကိုတိုက်ရိုက်သွားမပြောပဲကွယ်ရာလေပန်းနေကြ တော်တော်အဓိပါယ်မဲ့နေသလိုပဲ။သူ့မေးလ်လည်းရှိနေတယ်။သူ့ဆိုဒ်လည်းရှိနေတယ်။သူ့ကိုသွားပေးရမဲ့စာကို သူမသိအောင် ကွယ်ရာမှာလျောက်ပြောနေတာကတော့ ဟိုက သိတောင်သိမှာမဟုတ်ဘူး။

Lion King said...

သွားပေးပါတယ် စာမပြန်တော့ဘူးဗျ သူ့ကိုတွေ့ရင်ပြောလိုက်ပါ ဝိဘဇ္ဇ ဝါဒီ ကပါလို့