Monday, May 19, 2008

ဖြစ်တည်မှု (ဓမ္မဇစ်မြစ်)


ဖြစ်တည်မှု ဆိုသည်မှာ ပရမံနုမြူမှအစ စကြ၀ဠာ တစ်ဝှန်းလုံး၏ ဖြစ်ပေါ်တည်ရှိလာမှု အားလုံး အကျုံးဝင် ပေ သည်၊ စကြာဝဠာ အ၀ှမ်း ရှိ သက်ရှိသက်မဲ့ တစ်ခုချင်း တစ်မျိုးချင်းစီ၏ ဖြစ်တည် လာခြင်းသည် ထို တစ်ခုချင်းစီ အတွက် ပြဌာန်းသတ်မှတ်ပြီးသော မူလ ပညတ် ဓမ္မ ရှိပြီး ဖြစ်သည် ဟု အစ္စလာမ်ဘာသာဝင်တို့က ယုံကြည် လက်ခံကြသည်။ ဥပမာ အားဖြင့် လူဖြစ်တည်လာရန်အတွက် လူ၏ပုံစံ၊ အခြား သက်ရှိ သက်မဲ့တို့ ဖြစ်တည် လာရန်အတွက် သက်ရှိသက်မဲ့ တစ်မျိုးချင်းစီ၏ ပုံစံ၊ တစ်မျိုးထက် ပိုမို ပေါင်းကူးလျှင် ဖြစ်ပေါ် လာမည့် ပေါင်း ကူး (ကပြား) ပုံစံ၊ စသည်ဖြင့် အရာရာတိုင်း အတွက် ဖြစ်တည်မှု ရုပ်ပုံစံ၊ ဓါတ်ပုံစံ တို့မှာ လူသားတို့ တွေ့ရှိပြီး သား အရာတိုင်း၌ ဖြစ်စေ၊ မတွေ့ရှိရသေးသော အရာတို့၌ဖြစ်စေ မည်သည့် ပုံစံဖြစ်တည် လာရမည်ဟူသည့် ကြိုတင် ပြဌာန်းချက်မှာ ရှိပြီး ဖြစ်သည်ဟု လက်ခံခြင်း ဖြစ်ပေသည်။
ထိုသို့ ရှိပြီးသားအတိုင်း မူလပင်မ ဓမ္မကို သဘာဝဓမ္မ အဖြစ်လက်ခံပြီး၊ စကြာဝဠာအနန္တသည် သဘာဝဓမ္မ၏ ကွန်ယက်ထဲ၌ ကျင်လည် နေရသည် သို့မဟုတ် စကြာဝဠာ အပေါင်းသည် သဘ၀ဓမ္မ၏ ကွန်ယက်တွင်းမှ ကင်း လွတ်နိုင်မှု မရှိပေ၊ ထိုလွှမ်းမိုးထားသော ပင်မ ဓမ္မကွန်ယက်၏ ပင်မဖူးခြာ (အချုပ်အခြာ)သည် သဗ္ဗညုတဉာဏ် စဉ်၏ ဇစ်မြစ်တော် ပရမတ်ဘုရားရှင် (အလ္လာဟ်) ဖြစ်၏ (၆း ၁၀၁) ဟု အစ္စလာမ် ဘာသာဝင်တို့က လက်ခံယုံကြည် ပေ သည်။
ထိုသို့သော ယုံကြည်ချက်မျိုးကို ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ အဓိပတိ ဆရာတော်ကြီး ဖြစ်သည့် ရှင်ဗုဒ္ဓဃောသ ပြုပြင် စီရင်သော အဌသာလိနီ ၀ိသတိဝန္ဒနာ တွင် ဂရုဏာဝိယ သတ္တေသု၊ ပညာရဿ မဟေသိနော၊ ညေယ ဓမ္မေသု၊ ယတ္ထာယုဇိ၊ ပ၀တ္ထိတ္တံ၊ မဟေ သိနော။ ဘုရားသခင်သည် ဂရုဏာတော်အာဖြင့် သတ္တ၀ါအပေါင်းတို့နှင့် ညေယဓံတရား ငါးပါးတို့ကို ယတ္တာဇုတိ အလိုတော်ရှိသည့် အတိုင်း ပ၀တ္ထိတ္တံ ဖြစ်တော်မူလေကုန်ပြီ၊ ဟု သွန် သင် ထားပြီး- ဤသို့ တစ်ထပ်တည်းတူညီသော ရှင်းလင်းချက်ကို သုံးဆယ်မြို့ ဘုရားဒကာ ဦးလူငယ် ရေးသား ပြုစုသော သဗ္ဗညုတ စိန္တာမဏိကျမ်း၏ စာမျာက်နှာ (၄- ၅) တွင် တွေ့ရပေသည်။ သေက္ချတောင် ဆရာတော် အရှင်တိလောက ရေးသားပြုစုသော ပဏ္ဍိတဝေဒနီယ ဒီပနီကျမ်း၏ စာမျက်နှာ ၁၈၈ မှ ၁၉၁ တွင်လည်း စကြာဝဠာအပေါင်း ၏ ဖြစ်တည်လာခြင်း မူလ လက်သည် အကြောင်းကို အကျယ် ရှင်းပြထားပေသည်။
ထို့ကြောင့် စာပေဗဟုတ နှံ့စပ်သော မြန်မာ စာပေသမားများ အတွက် ဖြစ်တည်မှု နှင့် ဖြစ်တည်မှုဓမ္မ၏ ဇစ်မြစ် နှင့်စပ်လျှဉ်း၍ အစ္စလာမ် ဘာသာဝင်တို့၏ ခံစားယုံကြည်ချက်ကို နားလည်ရန်မှာ အလှမ်းဝေးနိုင်မည် မဟုတ် ချေ။
စကြာဝဠာအပေါင်း၏ မူလဇစ်မြစ် ဖြစ်သော ပရမတ်ဘုရားရှင် (အလ္လာဟ်) သည် စကြာဝဠာများ၏ သော့ချက် သဘာဝဓမ္မကို သိနေသော အရှင် ဖြစ်ပေသည်။ သို့သော် စကြာဝဠာ အတွင်း ရှင်သန် ကျက်စားနေရသော သဗ္ဗေ သတ္တာ သတ္တ၀ါအပေါင်းကို ပရမတ် ဘုရားရှင် (အလ္လာဟ်)က တစ်ချက်လွှတ်အမိန့် သံမဏိစည်းကမ်းဖြင့် အတင်းအကျပ် လိုက်နာစေခြင်းဖြင့် ကြိုးကိုင်ထားခြင်း မရှိသလို၊ ဖြစ်ချင်တိုင်း ဖြစ်နေစေရန် လျှက်လျူရှု ပစ် ပါယ် ထားခြင်းလည်း မဟုတ်ဟု ကျမ်းမြတ်ကုရ်အံ၏ ဖေါ်ပြမှုအတိုင်း အစ္စလာမ် ဘာသာဝင်များက ယုံကြည် လက်ခံပေသည်။ စကြာဝဠာ အတွင်း၌ ရှိသော သတ္တ၀ါအပေါင်းသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် သဘ၀ဓမ္မ အတိုင်း အထာကျ၊ နေသားကျအောင် လိုက်လျှောညီထွေ ကျင့်ဆောင် နေထိုင်နေရသည် ဆိုခြင်းမှာ စောဒက ၀င်၍ မရချေ၊ ထိုရုပ်ပိုင်း ဆိုင်ရာ အထာတကျ နေထိုင်နိုင်ရန်နှင့် တိုးတက်ဖွံ့ဖြိုးသော ရုပ်ပိုင်း ဆိုင်ရာ လူနေမှု စနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် ထိုးထွက် တည်ဆောက်နိုင်ရန် ဉာဏ်စဉ် ၏ ဦးဆောင်မှုမှာ မရှိမဖြစ် လိုအပ်သည် ဟု ကျမ်းတော်က တင်ပြပေသည်၊
လူသားအပေါင်းသည် ပရမတ်ဘုရားရှင်၏ အရိုက်အရာကို ဆက်ခံသူ သို့မဟုတ် သက်ရှိ သက်မဲ့အပေါင်းနှင့် စကြ၀ဠာ ကို စီမံကွပ်ကဲ ရန် လွှဲအပ်ခံရသော ကိုယ်စားလှယ်များ ဖြစ်သည်ဟု ဆိုပေသည်၊ (၆း ၁၆၆)
စကြ ၀ဠာအပေါင်းအား စီမံကွပ်ကဲရန်အတွက် လူသားတို့အား ကိုယ်စားလှယ်လွှဲအပ်ခြင်း၏ ဆိုလိုချက်မှာ ပရမတ်ဘုရားရှင်သည် စကြာဝဠာ အပေါင်းအား ကြိုးနီ စနစ်ဖြင့် ချုပ်ကိုင်ထားခြင်း မရှိကြောင်းကို ထင်ရှားစေပေသည်။ လူသားသည် စကြာဝဠာအတွင်း သက်ရှိ သက်မဲ့များကို စီမံနိုင်သည်၊ ခန့်ခွဲနိုင်သည်၊ နေရာချနိုင်သည်၊ အုပ်ချုပ်နိုင်သည်၊ ထိမ်းကျောင်းနိုင်သည်၊ တိုးတက်ဖွံ့ဖြိုးမှု ဆုတ်ယုတ် ပျက်သုဉ်းမှု အလုံးစုံကို စိတ်တိုင်းကျ ဆောင်ရွက်နိုင်ပေသည်။
သို့သော် ထိုသို့ စီမံနိုင်ခွင့်ရှိသော လူသားတို့အား အကောင်း အဆိုး ခွဲခြားနိုင်ရန်၊ တိုးတက်မှုနှင့် ဆုတ်ယုတ် မှုကို နားလည်နိုင်ရန် အမှန်နှင့် အမှားကို ဆုံးဖြတ်နိုင်ရန် အတွက် သဘာဝ ဓမ္မ၏ သော့ချက်များကို ပါရမီဉာဏ် ရင့်သန်မှုအလျှေက် လူသားထဲမှ ရွေးကောက်လျှက် ဉာဏ်စဉ်ကိန်းဝပ် အသိပေး လမ်းညွှန်ပေးပေသည်။ ထိုသို့ ဉာဏ်စဉ် ကိန်းဝပ်ပေးရာတွင် ပါရမီဓါတ်ခံအလျှောက် ကိန်းဝပ်ပေးခြင်းကြောင့် ရရှိသော ဉာဏ်စဉ် အဆင့်များ လည်း တစ်ပြေးညီ မဟုတ်ပေ။
ဌေးလွင်ဦး

1 comment:

ရှေးမြန်မာ said...

" ငြိမ်းချမ်းသော လူ့ဘောင် အသိုင်းအ၀ိုင်း ဖြစ်တည်မှုကို ရည်သန်၍" အစ္စလာမ် သာသာနာအား ဗုဒ္ဓဘာသာ ၀င်များ နားလည်လေ့လာနိုင်စေရန် တင်ပြခြင်းသာ ဖြစ်ပေသည် လို့ဆိုတဲ့ ကိုဌေးလှိုင်ဝင်း ရဲ့စေတနာကို လေးစားပါတယ်။

အစ္စလာမ်ဘာသာမှ သွန်သင်သော ဘာသာရေး၊လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စီပွားရေး၊ တရားစီရင်ရေး၊ လူ့အခွင့်အရေးနှင့် လူ့သမိုင်းရေးရာများကို အစွဲကင်းစွာ ဖြင့် လေ့လာလိုပါတယ် ။ ဒါပေသိ ကိုဌေးလှိုင်ဝင်းကိုယ်တိုင် အစွဲကင်းကင်း ၊ ဘက်လိုက်မှုကင်းကင်း နှင့်ရေးဖို့လိုပါတယ်။ တည့်တည့်ပြောရရင် ငါစွဲ (ငါ့ဘာသာ ၊ ငါ့လူမျိုး ) ကင်းကင်း ဖြစ်စေချင်ပါတယ်။

မကြာခဏဆိုသလို အခြားဘာသာဝင်တွေ ရဲ့အထွက်အမြတ်ထားရာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ တွေကို ထည့်သွင်းရေးသားတဲ့ အသုံး ၊ စကားလုံးတွေကိုတွေ့ရတဲ့အခါ အခြားယုံကြည်ကိုးကွယ်မှု တွေကို သိမ်လိုစေတဲ့ ရည်ရွယ်ချက် ကိုဌေးလှိုင်ဝင်း မှာရှိနေတယ်လို့ထင်ပါတယ်။

အစ္စလာမ် သာသာနာအား ဗုဒ္ဓဘာသာ ၀င်များသာမက " Muslim"များ ၊ အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်သူများအပါအဝင် အခြားသောဘာသာဝင်များပါ နားလည်နိုင်စေဖို့ တင်ပြရင် ပိုကောင်းပါမယ်။ အစ္စလာမ် သာသာနာရဲ့ အဆုံးမအောက်မှာ ကမ္ဘာကြီး " ငြိမ်းချမ်းသော လူ့ဘောင် အသိုင်းအ၀ိုင်း " ဖြစ်ဖို့ပါ။
http://www.truthtube.tv/play.php?vid=665 မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေကိုတွေကိုတွေ့ရတယ်။

ထို့ကြောင့် စာပေဗဟုတ နှံ့စပ်သော မြန်မာ စာပေသမားများ အတွက် ဖြစ်တည်မှု နှင့် ဖြစ်တည်မှုဓမ္မ၏ ဇစ်မြစ် နှင့်စပ်လျှဉ်း၍ အစ္စလာမ် ဘာသာဝင်တို့၏ ခံစားယုံကြည်ချက်ကို နားလည်ရန်မှာ အလှမ်းဝေးနိုင်မည် မဟုတ် ချေ။
စကြာဝဠာအပေါင်း၏ မူလဇစ်မြစ် ဖြစ်သော ပရမတ်ဘုရားရှင် (အလ္လာဟ်) သည် စကြာဝဠာများ၏ သော့ချက် သဘာဝဓမ္မကို သိနေသော အရှင် ဖြစ်ပေသည်။ သို့သော် စကြာဝဠာ အတွင်း ရှင်သန် ကျက်စားနေရသော သဗ္ဗေ သတ္တာ သတ္တ၀ါအပေါင်းကို ပရမတ် ဘုရားရှင် (အလ္လာဟ်)က တစ်ချက်လွှတ်အမိန့် သံမဏိစည်းကမ်းဖြင့် အတင်းအကျပ် လိုက်နာစေခြင်းဖြင့် ကြိုးကိုင်ထားခြင်း မရှိသလို၊ ဖြစ်ချင်တိုင်း ဖြစ်နေစေရန် လျှက်လျူရှု ပစ် ပါယ် ထားခြင်းလည်း မဟုတ်ဟု ကျမ်းမြတ်ကုရ်အံ၏ ဖေါ်ပြမှုအတိုင်း အစ္စလာမ် ဘာသာဝင်များက ယုံကြည် လက်ခံပေသည်။ လို့ရေးထားတာ ထပ်တွေ့ရပြန်တယ်။

ကျမ်းမြတ်ကုရ်အံကို မြန်မာစာ အဆန်ဆုံး ပြန်ဆိုခဲ့သည့် သီရီပျံချီ ဦးဘစိန်၏ ကုရ်အံဘာသာပြန်ကိုလည်း မြန်မာ့သမိုင်းဝင် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ဥက္ကဌကြီး ဘကြီးဘဖေ ကိုယ်တိုင် စေတနာ အလျှောက် စိတ်အား ထက်သန်စွာဖြင့် မြန်မာစာ အသုံးများကို စဆုံး တည်းဖြတ် ပေးခဲ့ပေသည်)။ လို့တွေ့ရတယ်။

ကိုဌေးလှိုင်ဝင်းလည်းသိပြီးဖြစ်ချင်ဖြစ်ပါလိမ့်မယ် " သိုးသူငယ် " လို့သိသိကြီးနှင့် နွားသူငယ်လိုလို ထင်ယောင်မှားစေတော့ နှစ်စဉ် လိုလို နွားတွေအသက်ဆုံးပါးရတယ်။ တချို့အရှေ့လယ်ပိုင်း နိုင်ငံတွေမှာ လူတွေ ကိုအစားထိုးနေသလားလို့ ထင်မှတ်မှားရတယ်။ http://www.truthtube.tv/play.php?vid=665